Ep.. 9(Z & U)

1.2K 204 48
                                    

Zawgyi

"စေ. ရေ...လိုက်ခဲ့ဦး...ဟိုနှစ်ကောင် ကော်ရစ်ဒါမှာ သတ်နေကြပြန်ပြီ''

သတ်နိုင်လွန်းသော နှစ်ယောက်ပါလေ။တစ်နေ့တစ်နေ့ ဆွဲရလွန်း၍ ကိုယ့်ကိုယ်ကိုယ်တောင် လက်ဝှေ့ပွဲမှ ဒိုင်လူကြီးဟု ထင်လာမိသည်အထိ။

"ဟဲ့...တော်ကြစမ်း.....ရပ်ကြစမ်းလို့...ကောင်စုတ်တွေရဲ့"

ထိုနှစ်ကောင် သတ်လျှင် စေမှလွဲ၍ တားမရ။ယခုလည်း ထိုးကြိတ်နေသည့်နှစ်ဦးကြား ဟိုဘက်ကို ဆွဲ၊ဒီဘက်ကို တွန်းဖြင့် လူချင်းအတင်းခွဲရလေသည်။

"ဪ..ဟဲ့..လူခွဲထားတာတောင် ဘယ်လိုဖြစ်လို့ မာန်ဖီနေကြသေးတာတုန်း...ငါ ထလုပ်လိုက်ရင်တော့ နှစ်ကောင်လုံး သေကုန်တော့မယ်''

ထိုအခါမှ မျက်စောင်းတခဲခဲဖြင့် စေ့ကို အလည်မှာထားပြီး ကျောပေးထိုင်ကြတော့သည်။သူတို့ ၃ယောက်ကို ကြည့်၍ မောဟိုက်နေသည့်ကြားမှ အဲလစ်ကတော့ အားရပါးရအော်ရယ်နေခဲ့ပါသည်။

ရန်ဖြစ်ပြီးပြီဆိုလျှင်ဖြစ်သမျှဒဏ်ရာကိုစေ နှင့် အဲလစ်က ကြပ်ပူထိုး ဆေးလိမ်းလုပ်ပေးရတော့သည်။ထိုအချိန်မျိုးဆို သေမလို ရှင်မလို ထိုးကြိတ်ထားတာ သူတို့ မဟုတ်သည့် အတိုင်း အရက်ပြန်ဂွမ်း ထိတာလောက်တောင် အသက်ထွက်တော့မယောင် နာပြနေကြသူများပင်။

"နင်တို့ကလည်းလေ..အလကားနေသတ်ချင်နေကြတာနော်...ပြောဦး..အခုရော ဘာကိစ္စနဲ့သတ်ကြပြန်ပြီလဲ''

"ငါ့ စာအုပ်အပေါ်ကနေ...သူ့စာအုပ်  လုထပ်လို့...''

ထိုသို့...ထိုသို့...မခိုင်လုံသောအကြောင်းတရားများစွာဖြင့် ပြသနာတွေ မရိုးနိုင်အောင် ဖြစ်ကြရင်း စေ တို့ သူငယ်ချင်းလေးယောက် အရွယ်ရောက်လာခဲ့ကြသည်။အဲလစ်ကတော့ စလုံးကို ကျောင်းသွားတက်ဖို့ ဝင်ခွင့်အောင်သွားသလို စေ ကလည်း ဘွဲ့လွန် ထပ်တက်ဖို့ စီစဉ်ဖြစ်ခဲ့ပါသည်။

မပြောင်းလဲသူနှစ်ဦးကတော့ ခရစ်နှင့်မိုက်ကယ်သာ ။ဘွဲ့သာ ယူထားပြီး မိဘလုပ်ငန်းကို ဝင်ဖို့ မစဉ်းစားသလို အပြင်အလုပ်လည်း လုပ်ဖို့ မစဉ်းစား‌ပေ။တစ်နေ့တစ်နေ့ တစ်ယောက်ချင်းချိန်းလိုက် အဖွဲ့လိုက်ချိန်းလိုက်နှင့် ပြသနာတက်ကြစမြဲ။ဖြစ်သမျှအကြောင်းအရာကိုမေးကြည့်လျှင်လည်း တိတိပပ ဘာမှ မရှိ။သေတဲ့အထိလည်း ရန်‌စောင်ချင်သည့်အကျင့်က မပျောက်ဘူးထင်ပါရဲ့။

Eyes of loveWhere stories live. Discover now