Zawgyi
မျက်စိရှေ့မှာ မြင်နေရသည့် ခြံက သူ့စိတ်ထဲ အလွန်ရင်းနှီးနေသည်။လူချမ်းသာများနေထိုင်ရာ ရပ်ကွက်ပေမို့ ဒါမျိုးတိုက်တာတွေက ရုပ်ရှင်ထဲ အများသားမလား။ထို့ကြောင့်သာ မြင်ဖူးနေသယောင်ရှိနေတာထင်ပါရဲ့။ခြံဝရှိ လူခေါ်ဘဲလ်ကို နှိပ်လိုက်တော့ အမျိုးသမီးထွက်လာပြီး သူ့ကို အကဲခတ်သလို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
"ဘယ်သူများလဲရှင့်...''
"ကျွန်တော် မင်းလေပြည်ပါ..ကောင်းစစ်သန့်ပိုင် ကို စာသင်ဖို့အတွက် လာတာပါ''
"ဟယ်...ကျွန်မကဆရာဆိုလို့ အသက်ကြီးကြီးထင်နေတာ...ကြွပါဆရာ...ကြွပါ။သားက မနက်ကတည်းက ဆရာ့ကိုမျှော်နေတာ...''
မနက်ကတည်းကဆိုသော စကားကြောင့် သူ နောက်ကျပြီလားဆိုသောအသိနှင့် နာရီကို အလျင်ငုံ့ကြည့်လိုက်မိသည်။သတ်မှတ်ချိန်ရောက်ဖို့တောင် ငါးမိနစ်လိုနေသေး၏။အမျိုးသမီးက အခန်းကျယ်တစ်ခုထဲမှာနေရာချပေးပြီး ထိုနေရာမှာရှိသည့် အိမ်သုံးပရိဘောဂများကလည်း ပြောင်လက်တောက်ပလျက်။စာသင်စားပွဲပေါ်မှာလည်း အထက်တန်းအဆင့် စာအုပ်များအပြင် ပါကင်ပိတ်မုန့်မျိုးစုံကလည်း အစီအရီနေရာယူထားပါသေးသည်။
"ခဏလေးထိုင်ပါနော် ဆရာ...သားသား..ခုပဲအပေါ်ထပ် တက်သွားတာ...ကျွန်မ သွားခေါ်လိုက်ပါ့မယ်...''
အခန်းကျယ်ဟု သူသုံးနူန်းခြင်းက မလွန်။ပျံကျရပ်ကွက်ထဲက အိမ်ခန်းတစ်ခန်းစာလောက်ရှိသည့် အခန်းက ကလေးတစ်ယောက်ရဲ့အိပ်ခန်းတဲ့လား။လူဖြစ်တာချင်းတူတာတောင် ကံတရားခြင်းကကွာလှပါသည်။
"စောင့်နေရတာကြာသွားပြီလား ဆရာ...။''
ကိုးတန်းနှင့်မတန်အောင် ရှည်လျားထောင်မောင်းသည့်အရပ်နှင့်အသားအရည်ကလည်းဖြူစပ်စပ်ကလေးက မအေနှင့်မျက်နှာပေါက်လေးဆင်သော်ငြား အဖေတူသည်က များပုံပါ။
"သား နာမည် ကောင်းစစ်သန့်ပိုင်ပါ ဆရာ။ဆရာကိုအသက်ကြီးမယ်လို့ ထင်တာ....''
"အင်း...''
စကားနည်းသည့် သူ့အရိပ်အကဲကို ကောင်လေးက အထာနပ်ဟန်ဖြင့် အပိုစကားမဆိုတော့ဘဲ သူညွှန်ပြသည့် စာအုပ်ကိုသာ ခပ်သွက်သွက် ဖွင့်လိုက်ပါသည်။အပြောအဆိုလေးက ယဉ်ကျေးသလို လူရိပ်လူကဲလည်း တတ်ပေ၏။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...