Ep...21(Z & U)

1.1K 219 60
                                    

Zawgyi

"ငါ့ညီကို ကြည့်ရတာ မူမမှန်ဘူးနော်...''

စာရွက်စာတမ်းတွေကြား ခေါင်းတိုးနေသည့် သူ့အနား ကိုကြီး‌ရောက်လာပြီး ခပ်ပြုံးပြုံး စကားဆိုလေသည်။

"ဘာလုပ်လို့လဲ..သားက...''

"အရင်ဆို ဒီကိုလာရင် လျှောက်သွားဖို့လောက်ပဲ တက်ကြွနေတဲ့လူက...ခုကျ..အလုပ်ပြီးဖို့ကိုပဲ စိတ်စောနေလို့လေ..''

ကိုကြီးစကားက တစ်ဝက်မက မှန်နေသည်မို့ သူ ပြောရခက်စွာ ခေါင်းသာ ကုတ်လိုက်သည်။မတတ်နိုင်ပေ။ခုချိန်မှာ လျှောက်သွားဖို့ထက် ရန်ကုန်မြန်မြန်ပြန်ရရေးက ပိုအရေးကြီးသည် မဟုတ်လား။

"သားက...ခု...ကိုကြီးဆီမှာ လစာယူနေတာမို့ အလုပ်ကြိုးစားပြနေတာပါဗျာ''

"မလိမ်စမ်းပါနဲ့..အငယ်ရာ..။ဒီမှာကြည့်..ကိုကြီးကို,ကိုကြီးက...မင်းရဲ့အဖေဆိုလည်း. ဟုတ်တယ်,အကိုဆိုလည်း..ဟုတ်တယ်,မင်းကို..ငယ်ငယ်ကတည်းက ထိန်းကျောင်းလာတာမို့...မင်းအကြောင်းကို မသိစရာ အကြောင်းမှ..မရှိတာ...''

မိန်းကလေးတစ်ယောက်ကို သဘောကျနေသည်ဆိုရင်တော့ ဝမ်းသာအားရဖြင့် ကိုကြီး ဆီသူပြောပြမိမှာပါ။ခု...သူ့ရဲ့ အနေအထားက ။

"မင်း..ဘာကိုပဲရွေးချယ်...ရွေးချယ်...ကိုကြီးက နားလည်ပေးမှာပါ..မင်း မိသားစုက လက်ခံမပေးရင်တောင်...ကိုကြီးက‌တော့ မင်းဘက်က အမြဲရှိမှာ..ဒါကိုယုံ..''

ကိုကြီးကို သူမော့ကြည့်လိုက်တော့ သူ့ကို ပြုံးကာ ပြန်ကြည့်ရင်း ငယ်စဉ်ကလို သူဆံပင်လေးတွေကို သပ်ပေးနေလေသည်။

"ကိုကြီး...တစ်ခုခုများ သိထားတာလား..''

"ရိပ်မိရုံပါ...ဒါပေမဲ့...မင်းပြောလာတဲ့အထိ..ကိုကြီးက...စောင့်နေမှာ,မင်းရင်ဖွင့်ဖို့ လိုလာတဲ့အခါကျ..မင်းဘက်မှာ..ကိုကြီး ရှိတယ်ဆိုတာ..သတိရပေါ့...ဟုတ်ပလား..''

သူ ခေါင်းညိတ်ပြလိုက်ပေမဲ့ ယခုဖွင့်ပြောဖို့တော့ စိတ်မကူးသေး။ကိုယ်တိုင်တောင် လမ်းပျောက်နေသည့် အခြေအနေမှာ တခြားဘယ်သူကရော သူ့ကို ကူညီနိုင်မှာတဲ့လဲ။တစ်သက်လုံး ပေါင်းလာသည့် အဲလစ်လို လူကတောင် သူ့အတွက် မဖြေရှင်းပေးနိုင်ပေ။

Eyes of loveWhere stories live. Discover now