Ep...17(Z & U)

1.1K 204 37
                                    

Zawgyi

ပုံမှန်မြင်နေကျ မျက်နှာတွေဟာ ဒီနေ့မှ ပိုလန်းနေသလိုပင်။အိမ်တန်းမပြေးဘဲ ဈေးဝယ်ထွက်မဲ့သူတွေကလည်း ဒုနဲ့ဒေး။လကုန်ရက်ဟာ ဒီလောက်တောင် ပျော်စရာကောင်းသတဲ့လား။

"ခရစ်...''

ကိုကြီးကမ်းပေးလာသည့် စာအိတ်ကို ကြည့်ပြီး နားမလည်ဟန်ဖြင့် မေးငေါ့ပြတော့...

"လစာလေ...''

"ဟား...ကိုကြီးရယ်....သားက..လစာဘာလုပ်ဖို့တုန်း.ကတ်ထဲအပြည့်ရှိနေတာကို...''

"မတူဘူး..ခရစ်ရ...ကတ်ထဲကရှိတာက..မိဘပိုက်ဆံ,ခုစာအိတ်ထဲကပိုက်ဆံက မင်းလုပ်အားခ,မင်းအချိန်တွေကုန်ခ,မင်း ပင်ပန်းခလေ...''

ဒီလိုဆိုတော့လည်း စာအိတ်ထဲမှ ပိုက်ဆံတွေဟာ ပမာဏ မများသည့်တိုင် ကတ်ထဲရှိသော ပိုက်ဆံတွေထက် တန်ဖိုးပိုရှိနေသလို,တစ်လတာလုံးလုံး သူ့ရဲ့ အချိန်တွေအတွက် ပေးသည့်တန်ကြေးဟု ယူဆလို့ရသည်။

"ကိုကြီးကလေ..မင်းကိုနဂိုကတည်းက..ခုလိုကိုကြီးနဲ့အတူလိုက်လုပ်စေချင်တာ။မင်းကစိတ်မဝင်စားလို့သာ...ဘာကြောင့် ပြောင်းလဲသွားလဲမသိပေမဲ့..ကိုကြီးကတော့သဘောကျတယ်။လစာလည်းမပေးရင် ရပေမဲ့ မင်းလုပ်အားခကို..မင်း တန်ဖိုးထားတတ်အောင်လို့...။မင်း တစ်ရက်တော့ သုံးလို့ရတာပေါ့ကွာ...။''

ကိုကြီးကလေ ငယ်ငယ်ကတည်းက သူ့အတွက် အဖေတစ်ယောက်လို နေပေးခဲ့သူမို့ သူလေးစားသည်။ချစ်ခင်သည်။ကိုကြီးပေးသော စာအိတ်လေးကို လက်နှစ်ဖက်ဖြင့် သေချာ ယူလိုက်ပြီး..

"သား...တန်ဖိုးထားပြီးသုံးပါ့မယ်...ကိုကြီး..''

ကိုကြီးထွက်သွားပြီးနောက် နာရီကိုကြည့်တော့ လေးနာရီထိုးလုလုမို့ ဆရာ့ကို စာသင်နားခိုင်းပြီး မုန့်လိုက်ကျွေးရပေမည်။တကယ်ဆို သူ အလုပ်လုပ်ဖြစ်ခြင်းက ဆရာ့တိုက်တွန်းချက်ကြောင့် မဟုတ်လား။

...............

ဆရာနေမကောင်းလို့ ခွင့်ယူထားသည် ဟူသော ကောင်းစစ်စကားကြောင့် ဖုန်းပင်ဆက်မနေတော့ဘဲ အပြေးသာလှမ်းလာမိတော့သည်။ညက စကားပြောရင်းတောင် ခေါင်းနောက်လာပြီဟု ဆရာပြောတာကို ပြန်အမှတ်ရလာသည်။မထနိုင်အောင် ဖျားနေတာများလား။စိုးရိမ်စိတ်ဖြင့် မောင်းလာခြင်းကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ဆရာ့ဆီ ရောက်သည်။

Eyes of loveWhere stories live. Discover now