Zawgyi
မိုးပန်းတစ်ယောက် အဝတ်အစားလဲပြုပြီးကတည်းက အခန်းထဲ ဝင်သွားတာ တစ်ချက်မှ ထွက်မလာတော့ချေ။မနက်ကို အလုပ်ကိစ္စနှင့်ခရီးသွားရမှာဆိုတော့ ပြင်ဆင်ပြီး အနားယူပြီထင်ပါရဲ့။မိုးပန်းခမျာလည်း အလုပ်က လစာသာကောင်းပြီး နားချိန်တော့ အလွန်နည်းပါသည်။အိပ်မယ်ကြံကာမှ အပေါ်ကနေလှမ်းကြည့်လိုက်တော့ ခြံတံခါးက ဟောင်းလောင်းဖွင့်ရက်သား။တံခါးပိတ်ထားရင်သာ သူခိုးမကြောက်ရပေမဲ့ ခုလိုပုံစံကတော့ သူခိုးမက ဓါးပြလာရင်တောင် မည်သူမှ သနားမည်မဟုတ်။
"......"
ရုတ်တရက်ကျောကို လာထိသည့်ကိုယ်ငွေ့။ခါးမှာသိုင်းဖက်လာသော လက်တစ်စုံ။သူ့လည်ဂုတ်တစ်ဝိုက် ရှတတ ဖြစ်နေသော မွှေးညှင်းစလေးများ...။
"နေ..ရိပ်...''
"ဆရာ....ကျွန်တော်မှားသွားပါတယ်။ဆရာ့ကို..ဘာမှမမေးမမြန်းဘဲ...စိတ်ဆိုးမိတာ..မှားပါတယ်။''
လွှာနှင့်တွေ့ပြီး အကြောင်းစုံသိလာပုံပါ။
"ဆရာ....ဆရာလို့...''
မထူးမချင်းကိုခေါ်နေမည့် သဘောရှိလေသည်။တကယ်က သူ့ခေါင်းထဲငြင်းဆန်ရမည့်စကား,တားမြစ်ရမည့် အကြောင်းတရားတို့ကို အစီအရီစဉ်းစားနေခြင်းသာ...။
"ကျွန်တော့ကို...တစ်ခါလောက်...အခွင့်အရေးပေးလို့ မရဘူးလားဟင်..''
ကျောမှာ တွယ်ကပ်နေရာကနေ ဖျတ်ခနဲဆိုသလို သူ့မျက်စိရှေ့ ရောက်လာပြီး ရင်ခွင်ထဲ တိုးဝင်ကာ ခပ်မော့မော့ကြည့်လေသည်။မတွန်းထုတ်ရက်မှန်းသိ၍ အကဲစမ်းလွန်းနေပါသည်။
"မင်း...တယ် ပြောရခက်ပါလား...နေရိပ်...။ဟမ်...''
"ကျွန်တော်.. ဆရာ့ကို..ပြောခဲ့ပြီးသားလေ...။ဒီတစ်ခါ..ပြန်ဆုံရင်...ကျွန်တော် နောက်မဆုတ်တော့ဘူးလို့...''
"မင်း..နောက်မဆုတ်တာနဲ့ပဲ...ကိုယ်က...ရှေ့တိုးစရာလား...''
သူခပ်ငေါက်ငေါက်ပြောတော့ မျက်လုံးချင်းစုံအောင် ကြည့်ပြီး..
"ရှေ့တိုးလာပေးဖို့မလိုဘူး..ကျွန်တော်လာဖို့...လမ်းဖွင့်ပေးထားရုံပဲ...''
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...