Zawgyi
ကောင်းစစ်တစ်ယောက် ဒီတမနက်လုံး နားတွေ အတော်အူနေလေပြီ။ခရီးထွက်လာတာတောင် နားကောင်းခြင်းမကောင်းရသော ဘဝပါလေ။
"လေးလေး....သားရေချိုးတော့မယ်...ခဏနေအပြင်လျှောက်လည်မှာမို့လို့''
"ဪ အေးအေး..ငါပြောတာ မှတ်ထားသိလား...ကျောင်းဖွင့်လို့မင်းဆရာနဲ့တွေ့ရင် ဘောင်းဘီဝတ်လာလို့ ပြော...အသေမိုက်တာနော်...မင်း မမြင်ဖူးလို့...''
ဒီလိုနဲ့စကားက အစပြန်ရောက်သွားနိုင်တာမို့ ဒါပဲဟု မြန်မြန်ပြောကာ ဖုန်းချပစ်လိုက်ရသည်။တစ်မနက်လုံးဆရာ ဘယ်လောက်ချောကြောင်း ဘယ်လောက်မိုက်ကြောင်းကို အပ်ကြောင်းထပ်အောင်ပြောရင်း စာသင်လာရင်တောင် ဝတ်လာဖို့ တောင်းဆိုပါဆိုပဲ။ဒီလိုရေခဲတုံးဆရာကို ကောင်းစစ်မှာ စာမေးချိန်ကလွဲလို့ စကားရဲရဲမပြောရဲတာ လေးလေးမသိ။
"သား...။ရေချိုးလေ.''
"ချိုးမယ် မေမေရေ...မေမေ့မောင်...ဆရာ့အကြောင်း ပြောပြနေတာနဲ့ နားထောင်နေတာ...''
"ဒီကောင်လေးဟာလေ...တစ်ယောက်တည်းနေခဲ့ပြီး ဆရာ့ဆီ သွားသွားမွှေနေသလားမသိ''
"နေပါစေ...ဆရာ့ကို သွားမွှေနေတာက တခြားအပြင်ထွက်တာထက် စိတ်ချရတယ်''
မေမေကတော့ ကောင်းစစ်အပြောကြောင့်ရယ်ပါသည်။အိမ်မှာဆို ကောင်းစစ်က အငယ်ဆုံးဆိုပေမဲ့ လေးလေးလောက်တောင် ဂရုစိုက်မခံရပေ။လေးလေးကတော့ ဖွားဖွားနဲ့ဆိုလည်း အငယ်ဆုံးသားလေး၊မေမေနဲ့ဆိုလည်း မောင်အငယ်လေးမို့ တစ်ခုခုမှမထိခိုက်အောင် အရိပ်တကြည့်ကြည့်ရယ်ပါ။ဒီကြားထဲ ဖေဖေကပါအစ လေးလေးကိုဆို ချစ်အားပို၏။ကောင်းစစ်ကိုယ်တိုင်ကလည်း ဒီလိုအခြေအနေကို မနာလိုဖို့ဝေးလို့ ကိုယ့်ထက်အငယ်တစ်ယောက်လို ဒီဦးလေးကို သာ၍ စိတ်ပူနေခြင်းက ဆိုးသည်။
#
အိပ်ရာထဲလှဲလို့မှ ငါးမိနစ်မပြည့်သေး ဖုန်းသံကမြည်လာသည်မို့ ထကိုင်ရပြန်သည်။
"ဆရာ.......ကျွန်တော်....''
တစ်ဖက်က အသံဟာ ကြားနေကျလို့ တက်ကြွမနေ။အချိန်ကလည်း မနည်းတော့ပြီကို ဒီကလေး တစ်ခုခုများဖြစ်လေသလား။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...