Zawgyi
မိုးပန်းပြင်ဆင်ခြယ်သပြီးချိန်မှာပဲ အစ်မငွေလွှာရဲ့ ကားလေးက ခြံရှေ့ကိုဆိုက်ရောက်လာလေသည်။အစ်မကအိမ်ကို လာခဲလှသလို လာတိုင်းလည်း လက်ဗလာ လာသည်မရှိ။အမေအတွက်,အဖေ့အတွက်လိုအပ်တာ ကြံဖန်ပြီး ရှာဝယ်လာတတ်၏။
"မိုး..ရေ...''
"လာပြီ.. အစ်မ..လာပြီ...မိုး..အကျီဝတ်နေရင်း တန်းလန်းမို့. အစ်မရေ...''
အစ်မငွေလွှာ လက်ထဲက အထုပ်တွေကို လက်လွဲယူလိုက်ပြီး ထိုင်ဖို့ပါ နေရာစီစဉ်ပေးလိုက်သည်။အစ်မက ဧည့်သည်ဟု မဆိုသာသော ဧည့်သည်တစ်ယောက်ပါပေ။
"လာထိုင်..သမီး...အမေကမနက်ကတည်းက မျှော်နေတာ. "
"ဟုတ်ကဲ့..အမေ...သမီးမနက်က ဆေးရုံသွားရသေးလို့ပါ..ဒါနဲ့ ကိုမင်းတစ်ယောက်ရော''
ကိုကြီးကတော့ လုပ်ချလိုက်ပြန်ပြီ။ဖုန်းဆက်လိုက်ပါ့မယ်ပြောပြီး ခုကျ ဘာမှလှမ်းမပြောထားပုံပင်။ခက်တော့တာပါပဲ။
"ဟို..ကိုကြီးကကိစ္စလေး တစ်ခုရှိလို့...ညကအိမ်ပြန်မအိပ်ဘူး အစ်မ။ဒီမနက်လည်း စာသင်ဖျက်မရလို့တဲ့"
"ဟယ်...ကိုမင်းကအပြင်မှာ အိပ်တယ်...ထူးထူးဆန်းဆန်းပါလား...ဆေးရုံတက်နေရတဲ့ တောက်လျှောက်တောင် အိမ်ပြန်ချင်လို့ မစားနိုင်,မအိပ်နိုင် ဖြစ်နေခဲ့တဲ့ဟာကို...''
အစ်မငွေလွှာရဲ့ စကားကြောင့် မိုးပန်း ရယ်ပြရုံသာ တတ်နိုင်သည်။ညက အပြင်မှာအိပ်မယ် ဖုန်းဆက်ကတည်းက မိုးပန်းတို့သားအမိတတွေ တအံ့တဩဖြစ်ခဲ့ကြရ၏။
"ဟုတ်တယ် အစ်မရေ...ကလေးအိမ်မှာ ဘာဖြစ်လို့ဆိုလား..သူ စောင့်နေပေးရတယ် ပြောတယ်"
"ဪ...ကလေးအဖိုးက ပြည်ပမှာဆိုတော့ သူတို့ကိစ္စရှိလို့ သွားကြတော့ ကလေးကစာမေးပွဲရက်မို့ကျန်ခဲ့တယ်ထင်ပါရဲ့"
"ဟုတ်တယ် အစ်မ..မိုးတို့သွားကြမလား..အစ်မလည်း ဂျူတီပြန်ဝင်ရမှာဆိုတော့"
"ဟယ်....သမီးရယ်..ဒီနေ့ တစ်ရက်တောင် off လို့ မရဘူးလား...''
"ဟုတ်ကဲ့ အမေ...ဒီနေ့ ညနေ အရေးကြီးလူနာတစ်ယောက် ချိန်းထားလို့ပါ...ဒါဆို...သွားလိုက်ပါဦးမယ်..အမေ...။''
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...