Zawgyi
နှစ်ညတာ ဒုက္ခခံလိုက်ရပေမဲ့ အကျိုးဆက်အနေနဲ့တော့ သူ YBSတိုးမစီးရတော့ဘဲ အဆိုးကောင်လေးက ပြောထားသည့် စကားအတိုင်း စာသင်ချိန်အသွားအပြန်ကို တာဝန်ယူပေးနေလေသည်။
"နေ့တိုင်း လုပ်ပေးစရာ မလိုပါဘူးကွာ...တစ်ရက်တလေမှ လိုက်ပို့လည်း ရပါတယ်''
"ရပါတယ်...ကျွန်တော် အကူအညီတောင်းရင်လည်း ပြန်ကူညီလေ...နော်...။''
ဒီစကားရဲ့ အတိမ်အနက်ကိုတော့ သူ ကြောက်သည်။
"မင်းကွာ...ချည်ပြီးတုပ်ပြီး လာလုပ်နေတာပဲကွ..တော်ပြီ..နောက် လာမကြိုနဲ့"
"ဟာ...ဆရာကလည်း လန့်သွားတာလား..ကျွန်တော် ရန်ထပ်မဖြစ်ပါဘူး ဆရာရ"
"ကိုယ်နဲ့မသွားဘဲနဲ့ ကိုယ်ပါတယ်လို့ လိမ်မှာကိုစိုးတာ"
ဒါကပိုအရေးကြီးသည်။သူပါသွားလို့ အကျိုးအကြောင်ကူပြီး လိမ်ပေးလိုက်ရတာ အကြောင်းမဟုတ်ပေမဲ့ မမြင်ကွယ်ရာမှာ ဖြစ်လာပြီးမှ လိုက်ဖြေရှင်းရလျှင် ပိုခက်ပေလိမ့်မည်။
"ကျွန်တော်သွားရင်.. ဆရာ့ပါခေါ်သွားမယ်..လိုက်ပေး..''
ထိုစကားကိုတော့ သူမငြင်းမိ။သို့သော် လက်ခံကြောင်းလည်း မပြောဖြစ်လိုက်ပေ။
"ကားကို ဂရုစိုက်မောင်းကွာ...''
"ဟား....ဆရာ ကြောက်လို့လား..ကျွန်တော်ကလေ...အသက်မပြည့်ခင်ကတည်းက ခိုးမောင်းနေတာ..သိလား။အင်း...ဒါပေမဲ့.....ထားပါလေ...ကျွန်တော့ကြောင့် မထိခိုက်စေရဘူး..စိတ်ချ..အမှားတစ်ခုဟာ တစ်ကြိမ်ပဲ ကောင်းတယ်လေ...နော်...''
ဆက်နေရိပ်ပြောသော စကား၏လေယူလေသိမ်းမှာ တစ်ခုခုဖုံးကွယ်လိုက်သလို သူခံစားရသည်။အရင်က ဘာများ ဖြစ်ခဲ့ဖူးပါလိမ့်။
"ကိုယ်...ဒီနေ့အိမ်မပြန်ဘူး...ကိုယ့်ကို J city လိုက်ပို့ပေးနော်...''
"ဆရာ ချိန်းထားတာ ရှိလို့လား.''
"အင်း...''
"ဆရာ့ကောင်မလေးလား...''
အတော်ကို စပ်စုသော ကောင်လေးပါလေ။မင်းလေပြည်ဘဝမှာ စကားအများကြီးပြောရတာမကြိုက်ပေမဲ့ ဆက်နေရိပ်နှင့် စသိချိန်မှစလို့ ပုံမှန်ထက်ကို ပိုဖြေရှင်းနေရပါသည်။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...