Zawgyi
ဒီည အပြန်မိုးချုပ်မည့်အကြောင်း ဆရာ့ကို ပြောထားပြီးသားမို့ အလုပ်ကအပြန် ဒီကို ဝင်လာပေလိမ့်မည်။သူနောက်ကျသည့်ရက်တိုင်း ဆရာ လာပြန်ကြိုနေကျ။
"ဟာ...ဟေ့ကောင်...ခရစ်...ဘာလဲ...ငါ..မရှိတဲ့ အတောအတွင်း...မင်းက...ဒီအခြေအနေ ရောက်သွားတာလား...''
ဒီကောင်ကို မမြင်ရလို့ စိတ်ချမ်းသာနေတာကို မျက်စိရှေ့ပေါ်လာပြန်လေပြီ။
"ငါ...ရန်မဖြစ်ချင်ဘူး...မိုက်ကယ်...မင်းသွားလိုက်တော့...။''
"ဘာလဲ...အင်မရှိအားမရှိ ဖြစ်နေတော့...ကြောက်တယ်ဆိုပါတော့...''
ရန်မဖြစ်ရဘူးဆိုသော ဆရာ့စကားကြောင့် သူ့ဒေါသကိုသူ အတတ်နိုင်ဆုံး ချိုးနှိမ်ထားရလေသည်။
"ငါ့အလုပ်...ငါလုပ်နေတာ..မင်းဘာမင်း..အေးဆေးသောက်ကွာ...''
"ဟားဟား...နေရာတကာ လူစွာလုပ်တဲ့ မင်းလိုကောင်က...မိဘနောက်ခံလည်း...မရှိတော့ရော...ခွေးလိုပဲ...အမြီးကုတ်သွားတာပါလားကွ...''
"မင်း...''
မျက်စိရှေ့က ပုလင်းကို ကောက်ကိုင်ပြီးကာမှ ဆရာ့မျက်နှာကို မြင်ယောင်လာသည်မို့ တက်တစ်ချက်ခေါက်လိုက်ပြီး ပုလင်းကို နေသားတကျ ပြန်ချထားလိုက်သည်။
"ငါအရက်သောက်ဖို့...အဖော်မရှိဘူး..။မင်း..အဖော်လုပ်ပေးပါလား...''
ငြိမ်သွားရင် တစ်ပူအေးပါသည်။အရက်ခွက်တွေ ဘေးကပ်လိုက်ပြီးမိုက်ကယ်ထိုင်နေသည့်နား ဝင်ထိုင်ပေးလိုက်တော့ ဖျတ်ခနဲဆို သူ့ရင်ဘက်နား ရောက်လာသည့် မိုက်ကယ့်လက်တစ်ဖက်။
"ဘာလုပ်တာလဲ...မင်း...''
သူ ပြန်ရိုက်ချလိုက်သည့်အချိန် မိုက်ကယ့်လက်နှင့်စားပွဲ ထိမိပြီး လက်နာသွားဟန်ရှိပါသည်။
"မင်းက...ယောကျာ်းအချင်းချင်း...ယူထားတာပဲဟာ...။ဒါလေး ထိတာကို..ဘာဖြစ်နေတာလဲ...ငါလည်း.. အဖော်မရှိ..ဖြစ်နေတာ..အဖော်လုပ်ပေးလေ...''
"မင်း...''
သူ ဝုန်းခနဲအထမှာပင် ရုတ်တရက်ဝင်လာသော ဆရာ့ကြောင့် မိုက်ကယ်တစ်ယောက် ကြမ်းပြင်ပေါ် ပတ်လက်ကျပြီး ရုတ်တရက်ကြောင်အနေဟန်ရှိ၏။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...