Ep..22(Z & U)

1.1K 203 29
                                    

Zawgyi

တစ်ချိန်လုံး သူ အတွေးများနေခဲ့သည်။ဒီကောင်လေးနှင့်ပတ်သက်လို့ ဘာလုပ်ပေးသင့်သလဲဆိုတာကိုပေါ့။ယိမ်းယိုင်နေတဲ့ စိတ်တွေကို ဘယ်လို ပြန်မတ်ပေးရမလဲ,လမ်းမှားရောက်ချင်နေတဲ့အတွေးတွေကို လမ်းမှန်ရောက်အောင် ဘယ်လိုညွှန်ပြရမလဲ ဆိုသည့်အတွေးကခေါင်းထဲအပြည့်။

တကယ်တမ်းကျ သူကိုယ်တိုင်လည်း အချစ်ကို နားလည်သူ မဟုတ်ရေးချမဟုတ်။ချစ်ဖူးသလားလို့ တစ်စုံတစ်ဦးက မေးလာရင်တောင် မဆိုင်းမတွ ခေါင်းခါပစ်ရမှာ။ဒီနေ့ဒီအချိန်ထိ သူ ရင်းနှီးကျွမ်းဝင်သူက ဒီကောင်လေးအပြင် မရှိမှတော့ အချစ်ဆိုတာကို ဘယ်နားလည်ပါတော့မလဲ။

"ဆရာ...စိတ်ဆိုးနေသေးလား''

"ဒေါသတွေအရမ်းထွက်နေလားဟင်...''

"ဆရာ...ကျွန်တော့ကို ခွင့်လွှတ်ပါ..''

"ဆရာ...ကျွန်တော့ကို ထားခဲ့လို့ မဖြစ်ဘူးနော်...''

"ခုလိုကြီး မဆက်သွယ်ဘဲ မနေပါနဲ့ ဆရာရယ်...''

ထိုထိုသော စာပေါင်းများစွာ ဖုန်းထဲဝင်နေသော်လည်း တစ်စောင်တလေတောင် သူ ပြန်မပို့ဖြစ်ခဲ့။၂ ရက်ကြာပြီးတဲ့နောက်မှာတော့ ခေါင်းထဲ အတွေးတစ ပေါ်လာပြီမို့ သူ့ဘက်ကပင် စတင်လို့ ဖုန်းခေါ်လိုက်သည်။

"ဟဲလို...ဆရာ...ဆရာ..ကျွန်တော့ကိုစိတ်ဆိုးပြေပြီလားဟင်...ဆရာ....''

ချက်ချင်းဆိုသလို ဖုန်းလက်ခံပြီး တရစပ်ထွက်ပေါ်လာသော ဝမ်းနည်းသံသဲ့သဲ့ဖြင့် စကားသံ။

"ကိုယ့်ကို...လာမကြိုဘူးလား...စာသင်ရမယ်လေ..''

"ဟုတ်...ဟုတ်...ခဏလေးနော်...ဆရာ..ကျွန်တော်..ခုပဲ..ထွက်လာခဲ့မယ်..။''

တကယ်ကို သိပ်မကြာခင် အချိန်အတွင်းမှာပင် ဆက်နေရိပ် ရောက်ရှိလာလေသည်။အသွင်အပြင်ကို ကြည့်လျှင် ကုမ္မဏီမှ တန်းလာတာ.ဖြစ်လိမ့်မည်။ဒီကောင်လေး အလုပ်တော့ လေးစားသားပဲ..။

"ဆရာ့ကို..စာလာမသင်တော့ဘူးလို့ ထင်နေတာ...''

"ကိုယ်က..အလုပ်နဲ့ ကိုယ်ရေးကိုယ်တာတော့..ခွဲခြားတတ်ပါတယ်...မင်းလိုပေါ့...''

Eyes of loveWhere stories live. Discover now