Ep...16(Z & U)

1.1K 194 13
                                    

Zawgyi

မျက်တောင်ရှည်တွေ ယှက်ဖြာနေသော ကိုမင်းရဲ့မျက်လုံးတစ်စုံ လှုပ်ရှားမှုကိုကြည့်လို့ လွှာ့မယ် ရင်တထိတ်ထိတ်။

"ကျွန်တော့မျက်လုံးထဲမှာ ကာလာတွေ မမြင်ရဘူး...။အဖြူအမဲပဲ ခပ်ဝါးဝါး မြင်ရတယ်..''

ဆိုသော ကိုမင်း၏ နှုတ်ထွက်စကားကြောင့် ရင်ထဲမချိ ဖြစ်ရသူက လွှာသာ ဖြစ်သည်။

မျက်ကြည်လွှာ ထိခိုက်ရင် အဆိုးဆုံးအနေဖြင့် လုံးဝအမှောင်ကျသွားနိုင်သလို ထိုသို့ မပြင်းထန်ဘဲ အမြင်အာရုံပိုင်းလည်း အနည်းအကျဉ်းထိခိုက်တတ်သည်ဆိုသော ဖေဖေ့စကားကြောင့် ကိုမင်း၏ ယခုအခြေအနေသည် အဆိုးထဲက အကောင်းဟုပင် ပြောရလေမလား။

"ဟို...အရမ်းလည်း စိတ်မပူပါနဲ့နော်။ခုခေတ်က ဆေးပညာတွေထွန်းကားနေပါပြီ...ပြန်ကောင်းလာမှာပါ...''

တစ်ဖက်လူကိုအားပေးနေခြင်းလား ၊လွှာ့ကိုယ်လွှာ မငိုမိအောင်ထိန်းနေခြင်းလား လွှာသေချာမသိ။

"ကျွန်တော်...အဆင်ပြေပါတယ် အလွှာ...''

လွှာက စိတ်မကောင်းခြင်းကြီးစွာဖြင့် မျက်စိမျက်နှာပျက်နေသော်လည်း ကိုမင်းကတော့ ဖြစ်သမျှ အကြောင်း အကောင်းဟုသာ မှတ်ယူထားပုံရသည်။လေသံကအစ အေးချမ်းနေသလို အပြုအမူတို့ကလည်းတည်ငြိမ်နေလေသည်။ကိုမင်းဟာ အမှန်တကယ်ကို စိတ်ခိုင်လှပေသည်။

"ကန်းသွားတာထက်စာရင်..ခုအခြေအနေက ကျွန်တော့အတွက် အများကြီးသာပါတယ်...အလွှာ...''

အဆိုးနှင့်ယှဉ်ရင်အကောင်းဆိုသော်ငြား ဒီချို့ယွင်းချက်တစ်ခုကြောင့် ကုမ္မဏီကြီးတစ်ခု၏ နေရာကောင်းကို လက်လွှတ်လိုက်ရတော့သည်။

"ကျွန်တော်လေ...ဒီနေရာကို ရဖို့ အလုပ်သင်ဘဝနဲ့ ၂နှစ်လောက်ကြိုးစားခဲ့ရတာ..ကတောင်မကဘူးထင်ပါရဲ့..။အကျိုးပေးက မကောင်းချင်တော့ ရာထူးတိုးတဲ့နေ့ပဲ ဒီလိုအဖြစ်နဲ့ ကြုံရတော့တာပဲဗျာ...''

စကားအရှည်ကြီး ပြောခဲလှသည့် ကိုမင်း၏ ရင်ဖွင့်ခြင်းဆန်သော အကြောင်းအရာတို့ကို ကြားရသည့်အခါ လွှာ့တစ်ယောက် မျက်ရည်လည်ရပြန်လေသည်။

Eyes of loveWhere stories live. Discover now