Zawgyi
အရှိန်ဖြင့်သွားနေသောကားလေးက မိုးရေထဲ တရိပ်ရိပ်ပြေးနေလေသည်။ဘယ်သူက မောင်းနေတာလဲ...ဘယ်ကိုသွားနေတာလဲ ကွဲကွဲပြားပြား မသိရသည့်အခြေအနေ။ထိုစဉ် ရုတ်တရက်မြင်လိုက်ရသည့် ကားတစ်စင်းက ထိုကားဆီသို့ တည့်တည့်တိုးဝင်လာသည့်နောက်...........
အသံကုန်ဟစ်ကာ အားခနဲ အော်လိုက်ပေမဲ့ လည်ပင်း၌သာ ထိုအသံက ပျောက်ရှသွားသလို သွေးတွေအပြည့်နှင့် မျက်နှာတစ်ခုက အမြင်အာရုံထဲမှာ ထင်ထင်ရှားရှား ။သူ့မှာ ရှိသမျှ အားဖြင့် လှုပ်ခါနိုးမိပေမဲ့ ထိုလူရဲ့ မျက်လုံးအစုံက ပွင့်မလာ ။ကျေးဇူးပြုပြီး...မသေပါနဲ့...မသေသွားပါနဲ့...။
......
"အား....''
ဒါ အိမ်မက်ပဲ။တကယ်မဟုတ်ဘူး။ဒါဟာခြောက်ခြားစရာ အိမ်မက်တစ်ခုပါပဲ။
ကိုယ့်ကိုယ့်ကိုယ် အားပေးရင်း အိပ်ရာမှ လူးလဲ ထလိုက်ပေမဲ့ သူ့တစ်ကိုယ်လုံးမှာတော့ ချွေးစေးတွေ ပြည့်နေချေပြီ။လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်ကစပြီး ရက်ခြားဆိုသလို မက်လာသည့် အိမ်မက်ဆိုးတစ်ခုဟာ ခုနောက်ပိုင်း ပိုစိပ်လာသလို ပိုပြီးတော့လည်း ထင်ရှားလာသည်။
အထူးသဖြင့်...ကောင်းစစ်အိမ်ကို ရောက်ခဲ့ပြီးနောက်ပိုင်းမှာ မြင်ကွင်းတွေက ပိုပြီးပီပြင်လာသည်။ဒီကောင်လေးနဲ့သူ ဘာတွေ ဘယ်လိုပတ်သက်ခဲ့မိတာလဲ။အတိတ်ဘဝက ဖြစ်ရပ်တွေကို ပြန်မြင်နေတာလား။ဒါမှ မဟုတ် နောက်ဖြစ်မဲ့ကိစ္စတွေလား ။
စိတ်တွေတအားရှုပ်ထွေးလာတာမို့ ဆံပင်များကြားလက်ဆယ်ချောင်းစလုံးထိုးဖွပစ်လိုက်သည်။နံရံမှ နာရီကို လှမ်းကြည့်တော့ ရှစ်နာရီထိုးလုလု။ထိုင်နေလို့တော့ ထူးမလာပေ။ကောင်းစစ်ဆီသွားဖို့သာ ပြင်ဆင်ထားနှင့်လိုက်တော့မည်။
#
အိမ်ထဲကို ဝင်ဝင်ချင်း ကောင်းစစ်လေးလေးနှင့်ဆုံသည်။နှစ်လိုဖွယ်အပြုံးလေးကြောင့် နှုတ်ခမ်းထောင့်က ပါးချိုင့်ဟုမဆိုသာသော အချိုင့်လေးက သိသိသာသာ။မျက်လုံးအရောင်တောက်တောက်လေးကိုမြင်တိုင်း အိမ်မက်ဆိုးက အာရုံထဲ အသစ်ပြန်ပေါ်လာသည်။အတိတ်ကဆို ကိစ္စမရှိပေမဲ့ အနာဂတ်မှာဖြစ်လာမည့်အရာများသာဆိုရင် ဒီလူငယ်လေးအတွက် သူဘာလုပ်ပေးရမလဲ၊ဘာလုပ်ပေးသင့်လဲ။
YOU ARE READING
Eyes of love
Romanceဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်ဖြင့်သာ ရေးဖွဲ့ထားခြင်း ဖြစ်သောကြောင့် အကြောင်းအရာတစ်စုံတရာ တိုက်ဆိုင်သွားခဲ့လျှင် နားလည်ပေးပါရန်နှင့်..၊လွဲချော်မှုနှင့်လွဲအပ်ချက်များ ရှိလျှင်လည်း..စာရေးသူ၏ အားနည်းချက်သာ ဖြစ်ကြောင်း.မေတ္တာ ရပ်ခံအပ်ပါသည်။ စတင်သည...