Ep..19(Z & U)

1.1K 206 50
                                    

Zawgyi

မနက်စာ သွားဝယ်သည့် အဲလစ်တစ်ယောက် မောကြီးပန်းကြီးဖြင့် ပြန်တက်လာပြီး အိပ်ရာထဲက သူ့ကိုပါအော်ဟစ်သွားသေးသည်။

"ပိုက်ဆံအိတ် ကျန်ခဲ့လို့ ဖုန်းခေါ်ပါတယ်..ဖုန်းကိုပိတ်ထားတယ်..သွားလိုက်လာလိုက်နဲ့အလုပ်ကို ရှုပ်ရော..။ထ...ဟေ့ရောင်...မင်း ဖုန်း..မင်း ကြည့်ဦး..''

ပြောဆိုပြီးပြန်ထွက်သွားသည့် အဲလစ်ကို ပြန်မအော်ရခင် ဘယ်ရောက်နေမှန်း မသိသော ဖုန်းကို အရင်ရှာရမည်။အိမ်ကို ဖုန်းဆက်တုန်းကတောင် အဆင်ပြေနေသေးတာကို ဘယ်အချိန် ပါဝါပိတ်သွားသည် မသိ။တစ်အိမ်လုံး မူးနောက်အောင်ရှာပြီးနောက် ကုတင်အောက် မရောက်တရောက်ကနေ ဖုန်းကထွက်လာလေသည်။ပုံမှန်ဆိုမမူးတတ်ပေမဲ့ မနေ့ကတော့ အဲလစ်ဆီ မရောက်ခင်လည်း ကြုံရာဘူးဝယ်ပြီးသောက်မိထားသည့် အကျိုးဆက်ကြောင့် နှစ်ပင်သုံးပင်လိမ်ကာ လူက ပလပ်ကျွတ်လုနီးပါး။

"........''

ဘုရား..။အားသွင်းကြိုးထိုးပြီး ဖုန်းပါဝါပြန်ပွင့်ပွင့်ချင်း အချက်ပေးအသံနှင့် အတူ ဆက်တိုက်ဝင်လာသော miss callများစွာ။စုစုပေါင်း 35 callရှိပြီး ဆရာဟူသော အမည်နာမ တစ်ခုတည်းကသာ။ဆရာက သူ့ဆီဖုန်းတွေဆက်တိုက်ခေါ်ထားခဲ့တာပင်။သူ ဘယ်လောက်တောင် သတိလွတ်သွားခဲ့တာပါလိမ့်။ခေါင်းကို ခပ်နာနာပြန်ထုမိလိုက်ရင်း ဆရာ့ဆီပြန်ခေါ်ရန်ပြင်တော့ "ဆရာ့ကို ရှောင်နေဖို့လိုတယ်"ဟူသော အဲလစ်စကားက သူ့နားထဲ ပြေးဝင်လာသည်။

"ဟေ့ကောင်...မျက်နှာမသစ်သေးဘဲ ဘာထိုင်လုပ်နေပြန်တာတုန်း...ဒီမှာ..မင်းစားချင်တဲ့ မလိုင်နံပြား..ဝယ်လာပြီ...''

လက်ထဲက ကိုင်ထားသော ဖုန်းမျက်နှာပြင်ကို အဲလစ်မြင်သာအောင် ထောင်ပြလိုက်ပြီး..

"ငါ့ကို..ညလုံးပေါက်နီးပါး ခေါ်ထားတာကွ....''

အဲ့တော့ ဆို‌သောမျက်နှာပေးနှင့်အဲလစ်ကြောင့် သူဘာဆက်ပြောရပါ့။

"ငါ..ပြန်ခေါ်ရမလားလေ...''

"ဆရာဆိုတာကို မင်းခေါင်းထဲက ခဏထုတ်ထားကြည့်လို့..ငါပြောတယ်လေ..ပေး...မင်းဖုန်း...''

Eyes of loveWhere stories live. Discover now