Ep...30(Z & U)

1.4K 217 48
                                    

Zawgyi

အရင်ဆိုမိသားစု ၄ယောက်ဖြင့် တိတ်ဆိတ်နေတတ်သော ထမင်းဝိုင်းက ခုတော့ နေရိပ်ကောင်းမှူအကြောင်းပြုလို့ ပျော်ရွှင်ရယ်မောသံများဖြင့် ပြည့်လျှံနေပေသည်။

"ထမင်းစားစမ်းပါ...နေရိပ်ရာ...အစားက ဝင်တာနည်းနည်း,လေထုတာက...များများ...''

ထမင်းမစားအားဘဲ စကားသာများနေခြင်းကြောင့် သူ လှမ်းဟန့်လိုက်သည်ကို ဆက်နေရိပ်က အသာတကြည် နားထောင်ပြီး စကားသံ တိခနဲ ရပ်သွားလေသည်။

"သားကြီးကကွာ..ကလေးကို...ထမင်းစားနေရင်း...မဆူပါနဲ့ကွ...''

"ဆူတာ မဟုတ်ဘူး..ဖေဖေရ....ဒီကောင်က...ထမင်းဆို...ဟုတ်တိပတ်တိ မစားချင်ဘူး..,အပြင်စာကျမှ...အစားထင်တာ..,ဒါကြောင့်...ပြောနေရတာ...''

"ငါ့သားလည်းလေ...အရင်ကဆို...အင်းကလွဲပြီး မဟတာ...,ခုသားငယ်နဲ့တွေ့မှ..ပွစိပွစိ ပြောတတ်လာပြီ...''

တွေ့လား။အပြောခံရလေပြီ။အရင်က ဘာကိစ္စမှ ဝင်မပါဘဲနေလို့မရပေမဲ့ ဆက်နေရိပ်ကိုတော့ ပစ်မထားနိုင်ပေ။

"ဆရာက...သားနဲ့ဆို..ပြောပါတယ် ဖေကြီးရ...''

နေရိပ်စကားကြောင့် ဖေနှင့်မေ ပြုံးသလို မိုးပန်းကတော့ မသိမသာ မျက်စောင်းလှမ်းထိုးသည်။

#

အစ်မငွေလွှာစီစဉ်ပေးထားသော ထမင်းဟင်းများက အလွန်စားကောင်းသလို အချိုပွဲကလည်း မနည်းမနောပင်။

"ဘာတွေ..ဒီလောက်တောင်...လိုက်လုပ်ထားတာလဲ...အစ်မရယ်...''

"တစ်ခါတလေမို့ပါ...ငါ့မောင်ရယ်။ဘယ်လိုလဲ...မင်းသူငယ်ချင်းအလုပ်မှာ...အဆင်ပြေရဲ့လား...''

"မပြေစရာလား..ဒင်းတစ်နေ့တစ်နေ့...အဆင်လေးတွေနဲ့...''

"ဟေ့ကောင်...''

အလျင်အမြန်လှမ်းဟန့်လိုက်သည့်တိုင် ဆရာ့အကြည့်က.စူးခနဲ...။

"မောင်ရယ်...လိုက်မစပါနဲ့...ကိုမင်းက...တကယ်ထင်ပြီး...''

"အဟမ်း...မထင်ပါဘူး...''

မထင်ပါဘူးဆိုသည့်စကားက ချောင်းဟန့်သံဖြင့်ပင် သတိထားဟု ပြောနေသယောင်။

Eyes of loveWhere stories live. Discover now