Ep...8(Z & U)

1.2K 211 32
                                    

Zawgyi

"ကိုကြီး...''

ကိုယ့်အိပ်ရာလေး ကိုယ်ပြန်ရောက်လို့ အားရပါးရ လှဲလိုက်မယ်လို့ ကြံရုံရှိသေး မိုးပန်းဝင်လာတာကြောင့် ထထိုင်ရပြန်သည်။လူရှိနေလျှင် သူမအိပ်တတ်ပေ။ဒီအကျင့်ကြောင့်လည်း ဆေးရုံမှာရှိနေသည့်ကာလတစ်လျှောက် သူ အကျပ်အတည်းဖြစ်ခဲ့ရ၏။

"ပြော...''

"မနေ့က ကိုကြီး ဘယ်သွားတာလဲ...''

စာသင်ရှိကြောင်း ပြောခဲ့ပြီးသားကို ထပ်မေးလာပုံထောက်လျှင် တစ်ခုခုသိလာလို့သာဖြစ်လိမ့်မည်မို့ ထွေထူးပြီး ညာစရာလည်း အကြောင်းမရှိ။

"ငါ့အသိနဲ့အပြင်သွားတာ..ဘာလို့လဲ....''

"ဟို...မနေ့ကအစ်မငွေလွှာနဲ့ချိန်းထားတာကျတော့မသွားဘဲနဲ့...''

ဒါဟာ သူ့အလွန်ဆိုတာ သူသိသည်။တစ်ဖက်ကလည်း ပစ်ထားခဲ့လို့မဖြစ်သော အခြေအနေကြောင့်သာ သူ ပျက်ကွက်သွားရခြင်းဖြစ်၏။

"ဟုတ်တယ်။နောက်ရက်မှသီးသန့်တွေ့မယ် ပြောထားတယ်..ဒါပဲ မဟုတ်လား...ငါ အိပ်ချင်ပြီ...''

တကယ်လည်း သူ အိပ်ချင်နေလေပြီ။ဆက်နေရိပ်အိမ်မှာအိပ်ရသည့်ရက်က သူ့အတွက် သက်တောင့်သက်တာမရှိ။သူစိမ်းအိမ်မှာဖြစ်နေတာရော ဆိုဖာပေါ်မှာ အိပ်ခဲ့တာရောကြောင့်ထင်ပါရဲ့။ခုတောင် ပြန်ခါနီးထိ အိမ်တိုင်ရာရောက် အဝင်ပြခဲ့ရသေးသည်။ဘာမှမသိရှာသည့် အစ်မကတော့ သူ့ကိုအဆင်ပြေရဲ့လား၊နယ်ကကိစ္စတွေ ပြေလည်ခဲ့ရဲ့လားနှင့် သူ့မှာဘာဖြေရမည်မသိ။ကြောင်အအဖြစ်နေလို့ မနည်းကို စကားစဖြတ်ခဲ့ရသည်။

"......''

ဖုန်းက ဝင်လာပါသည်။ဒီနေ့အဖို့ အိပ်ရပါဦးမလား။

"ဟဲလို...''

"ဟုတ်...ဆရာ..ကျွန်တော်ပါ...''

ဖုန်းထဲမှာ တစ်ခါမှ စကားမပြောဖူးခဲ့ပေမဲ့ အပြင်နှင့် အသံ သိပ်မကွာတာမို့ သူ မှတ်မိလိုက်ပါသည်။

"ပြော...အီးထုပ်..''

နူတ်မှ အလိုအလျောက်ပြောထွက်မိသွားသော နာမည်ပြောင်ကြောင့် တစ်ဖက်မှာ ဟင် ဆိုသည့် အူလည်လည်အသံက ရယ်ချင်စရာကောင်းအောင် ထွက်ပေါ်လာသည်။

Eyes of loveWhere stories live. Discover now