Ep..1(Z & U)

4.1K 345 68
                                    

Zawgyi

နေရာကဆောက်လက်စဖြင့် ရပ်တန့်ထားရသောလုပ်ငန်းခွင်တစ်ခုဖြစ်ပြီး မပြီးမပြတ်သေးသည့်အဆောက်အဦးကြီးက အကြမ်းထည် ထီးထီးကြီး တည်ရှိနေသည်။အနက်‌‌ရောင်ပြိုင်ကားတစ်စီးကလည်း အဆောက်အဦးရှေ့ထိုးရပ်ထားပြီး ထိုကားဘေးမှာ လူငယ်ခြောက်ဦးက သွေးတဆူဆူ။မကြာခင်အချိန်မှာပဲ ထိုကားနှင့်အမျိုးအစားတူ အနီရောင်ကားတစ်စီး အရှိန်ဖြင့်မောင်းဝင်လာပြီး ရပ်နေသည့်လူငယ်များကြားတိုက်လုတိုက်ခင်မို့ အပြေးအလွှားရှောင်ရှားကြရင်း ဆဲဆိုသံများပါ အစီအရီထွက်လာသည်။

ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ထားပြီး ကားအနီပေါ်မှ ဆင်းလာသူက ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် ဟန်ပန်အပြည့်။

"ဆို...ငါ့ကိုဘာကိစ္စလာခိုင်းတာလဲ...''

"ငါ့ပတ်ဝန်းကျင်မှာ မင်း ခြေရှုပ်နေတာကို မမြင်ချင်လို့သတိခေါ်ပေးတာ...''

တစ်ဖက်လူရဲ့အဖြေကို တစ်ချက်မှ အလေးထားဟန်မပြပါ။

"မင်းပတ်ဝန်းကျင်လို့ ပြောရအောင်...မင်းအဖေ ပိုင်တာတွေ မို့လို့လား..ဟက်....မင်းမကျေနပ်ရင်...မင်းငါရှိတဲ့နေရာမှာ မနေနဲ့လေ..ရှင်းနေတာပဲ...''

"မရှင်းဘူး....မင်းကိုမြင်ကိုမမြင်ချင်တော့တာကွာ...ရှင်းလား...''

"ဟား...တယ်ရယ်ရပါလား..ရတယ်လေ..မင်း မမြင်ချင်ရင်...မင်း မျက်လုံးကို..ငါဖောက်ထုတ်ပေးမယ်....''

တစ်ဖက်လူရဲ့လက်နှစ်ဖက်က သူ့ကော်လံစပေါ် ခပ်တင်းတင်း ဆွဲကိုင်လိုက်တာမို့ ချက်ချင်းပင် ဆွဲဖယ်ကာ အနောက်ကိုဆောင့်တွန်းပစ်လိုက်သည်။သူလို လူမျိုးကိုဒီလို လာထိလို့ ရရိုးလား...။

"လက်မပါရင် ကောင်းမယ်နော်။မင်း စကားနဲ့ရှင်းမယ်ဆိုလို့ ငါတစ်ယောက်တည်း ထွက်လာတာ...ငါ..ပြသနာ မတက်ချင်ဘူး...''

တကယ်လည်း သူ ပြသနာမတက်ချင်ပါ။နှစ်ဖက်မိဘချင်းက စီးပွားရေး ပါတနာတွေမို့ခင်မင်ရင်းနှီးနေတာတောင် သူတို့ နှစ်ယောက်ကတော့ အချေအတင် သတ်မြဲ မဟုတ်လား။ကြာတော့ တစ်ဖက်ကမိဘတွေကိုတောင် သူ အားနာမိသည်အထိ တစ်ဖက်ကောင်ခမျာ အလူးအလဲ ခံရသည်က ထုံးစံလိုဖြစ်လာသည်။ဒါလည်း သူ့ကို ရန်စခြင်းက အတောမသတ်။

Eyes of loveWhere stories live. Discover now