အပိုင်း (၁)

20.7K 813 55
                                    

Unicode

အဝတ်အစားတွေနဲ့လိုအပ်သည့်ပစ္စည်းတွေကိုထုတ်ပိုးပြင်ဆင်နေတာ မိုးတောင်ချုပ်လုချုပ်ခင် ။ သူ့အရွယ်က ကိုယ့်ဘာသာလုပ်တတ်ကိုင်တတ်တဲ့အရွယ်ကိုပင်ရောက်နေပေမယ့် မေမေကတော့ ပွစိပွစိရေရွတ်ပြီး အခုထိလုပ်ကိုင်ပေးနေတုန်း ။ အခုတောင် သူ့ဘာသာလုပ်ပါမယ်ဆိုတာကိုပြောပြီး လုပ်စရာရှိတာကိုပဲလုပ်ခိုင်းထားရသည် ။ တစ်ဦးတည်းသောသားဖြစ်တာလည်းပါမည် မေမေကသူ့ကိုတုန်နေအောင်သဲသဲလှုပ်ချစ်သည် ။ သူနဲ့ပတ်သက်လျှင် ဘယ်သူ့ကိုမှအားမနာတတ်သောမေမေကြာင့် တစ်ခါတစ်လေ လုပ်ဖော်ကိုင်ဖက်တွေအိမ်အလည်လိုက်လို့ စကြနောက်ကြရင်း မကြိုက်တာတခုခုပါသွားလျှင် အားမနာတမ်းပြောတတ်သေးသည် ။

သူဆိုတာကလည်း ငယ်ငယ်ကတည်းကအမေစကားတစ်ခွန်းမကျန်မြေဝယ်မကျနာခံရင်း စာကြိုးစားတဲ့ကလေးတစ်ယောက်မလို့ မေမေကသူ့ကိုလိုလေးသေးမရှိအလိုလိုက်သည်။ အမေတစ်ခုသားတစ်ခုဖြစ်တာကလည်း မေမေသူ့ကိုအချစ်တွေပိုစေတာဖြစ်မည် ။ ဖေဖေက သူအရွယ်တော်တော်ငယ်ငယ်ကတည်းက ရောဂါနှင့်ဆုံးပါးသွားခဲ့တာဖြစ်သည် ။

မေမေကမျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သူမလို့ ဖေဖေဆုံးပါးသွားခဲ့ပေမယ့်လည်း သူတို့ စီးပွားပျက်ဘဝပျက်တဲ့အခြေအနေမျိုးမဖြစ်ခဲ့ ။ ပညာတတ်မျိုးရိုးဖြစ်တဲ့အလျောက်မေမေဟာ တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားသည် ။ သူ့ကိုပဲ အဖေနေရာကရော အမေနေရာကပါမေတ္တာဓာတ်တွေပေးရင်း စီးပွားရေးတစ်ဖက်နှင့်ပညာတတ်တစ်ယောက်ဖြစ်သည်အထိပြုစုစောင့်ရှောက်ခဲ့တာဖြစ်သည် ။

မေမေစကားတွေကိုပဲနားထောင်ရင်း သူဟာတခြားကိစ္စတွေစိတ်မဝင်စားပဲ စာကိုပဲဖိကြိုးစားခဲ့သည် ။ အခုဆိုသူဟာ သူ့ဟာသူရပ်တည်နိုင်ပြီဖြစ်တဲ့ အထွေထွေအထူးကုဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပြီဖြစ်သည် ။ အခုတာဝန်ကျတဲ့ရွာလေးက အရှေ့ဒယ်ဂူမြို့၏ မြို့လယ်ကနေ ၁၅ မိနစ်ခန့်ကားမောင်းသွားရသေးသည့် အိုဒ့်ဂိုလ်(Otgol) ရွာလေးဖြစ်သည် ။ ရွာဆိုပေမယ့်လည်း ခရီးသွားအများစုကတော့ လာလည်ကြသည့် ဒယ်ဂူမြို့၏ နာမည်ကြီးတဲ့နေရာလေးတစ်ခုလည်းဖြစ်သည် ။

LOYALWhere stories live. Discover now