အပိုင်း (၂၅)

3.1K 382 56
                                    

Unicode

ဂျုံးဂု တစ်ရက်နှစ်ရက်လောက်ခွင့်ယူပြီး ထယ်ယောင်းအနားပဲနေဖို့စဉ်းစားထားပေမယ့် အရေးပေါ်ကုသမှုတစ်ခုပေါ်လာပြန်သည်မလို့ ဆေးရုံကိုခဏပြန်သွားရဦးမည်ဖြစ်သည်။ အရေးပေါ်ဌာန၏အားအထားရဆုံးသူမို့လည်း သူမပါရင် မပြီးပြတ်သည့်ကိစ္စတွေကရှိနေသေးသည်။

"ကိုယ် အလုပ်ပြန်သွားရဦးမှာမလို့ ခဏနေခဲ့ဦးနော် ယောင်းငယ်....ပြန်လာမှ သားလေးအတွက်ရော ယောင်းငယ်အတွက်ပါမုန့်ဝယ်လာခဲ့မယ်နော်"

ဂျုံးဂုက ထယ်ယောင်းရဲ့လက်ကလေးကိုကိုင်ကာခွင့်တောင်းသလိုပြောသည်။

"သားလေး ဒယ်ဒီ့အလုပ်လေးခဏပြေးလိုက်ဦးမယ်နော်....သားလေးရဲ့ပါးပါးကိုစောင့်ရှောက်ပေးဦးနော်...ပါပါးပင်ပန်းရင် သားလေးကအာဘွားတွေပေးပြီးနှစ်သိမ့်ပေးရမယ်နော်...ဒယ်ဒီပြန်လာရင် မုန့်ဝယ်ခဲ့မယ်နော် သားလေး"

ချိုင်းကနေမြှောက်ချီပြီး ဗိုက်ပူလေးကိုခေါင်းတိုးဝင်ကာစ,တော့ သဘောကျနေတဲ့သူ့ရဲ့သားလေးခြေထောက်သေးသေးလေးတွေကလေထဲမှာ ဟိုယမ်းဒီယမ်း။

"ကိုယ် သွားဦးမယ်နော် ယောင်းငယ်....ချစ်တယ်နော်"

ထယ်ယောင်းကပြုံးပြတော့ ဂျုံးဂုကနဖူးလေးကိုဖပ်ဖွဖွလေး အနမ်းတို့ပေးသည်။ ထို့နောက်မျက်ခွံလေးကိုပါ အနမ်းတို့ဆက်မိတော့ အရင်လိုအရှက်သည်းစွာမှိတ်ကျသွားခဲ့တဲ့မျက်ဝန်းလေးတွေနဲ့ မမြင်ရတာကြာခဲ့ပြီဖြစ်တဲ့ သူမြတ်နိုးရတဲ့ပါးပြင်ရဲရဲလေးတွေ။ သားလေးကိုပါ အနမ်းတို့ပေးရင်း အလုပ်ကိုထွက်လာရတော့သည်။

ဆေးရုံမသွားခင်လည်း ထယ်ယောင်း ကိုဘာမှမလုပ်ဖို့ မေမေ့ကိုအထပ်ထပ်မှာခဲ့ရသည်။ အလုပ်ကိုသာ လာခဲ့ရပေမယ့် စိတ်ထဲကစိုးရိမ်မှုတွေကြောင့် စိတ်ဖြောင့်ဖြောင့်ရှိမနေခဲ့ပေ။

.....................

မနေ့ကသားငယ်ပြောသွားခဲ့တဲ့စကားတွေကိုပဲ သူမနားထဲအထပ်ထပ်ကြားယောင်နေသည်။ မနက်ကလည်း သူမကိုအထပ်ထပ်မှာသွားခဲ့သည့်စကားတွေ။ ထိုကောင်လေးခံစားချက်အတွက်ပဲ ကာကွယ်မှုတွေအပြည့်နဲ့ပြောခဲ့ပေမယ့် သူမခံစားချက်ကိုတော့ သားငယ်က သတိထောင်ထားမိခဲ့ဟန်မတူပါ။ ဟီအွန်းကလည်း ကလေးမယူနိုင်တော့ သူမရဲ့အစီအစဉ်တစ်ချို့ကလည်း ဖြစ်တည်မလာတော့။ သားငယ်သာဟီအွန်းနဲ့ကလေးလေးရှိခဲ့ရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အလွယ်တကူဖြတ်တောက်လို့ရမှာမဟုတ်တော့ဘူးလေ။ အခုတော့သူမ တွေးထားတာတွေနှင့်တက်တက်စင်လွဲနေခဲ့ပြီဖြစ်သည်။ သို့ပေမယ့်လည်း သူမစီစဉ်ထားသည့်အစီအစဉ်တွေကို တလွဲအဖြစ်မခံနိုင်ပါ။

LOYALTempat cerita menjadi hidup. Temukan sekarang