အပိုင်း (၄)

3.1K 443 54
                                    

Unicode

ဒီနေ့လည်းထုံးစံအတိုင်းပဲ ချက်ပြုတ်စရာရှိတာချက်ပြီး စိုက်ခင်းထဲအလုပ်သွားသည် ။ ခရမ်းချဉ်သီးပင်လေးတွေပျိုးရမှာမလို့ အစေ့လေးတွေရေစိမ်ထားသည် ။ မြေဆွေးတွေရောစပ်ထားတဲ့မြေကြီးကိုဆွပေးရမှာမလို့ ခက်ရင်းခွလေးကိုယူလာလိုက်သည် ။

နေကအတော်ပူနေသည် ။ ချွေးတွေစက်တောက်စက်တောက်ကျနေပေမယ့်လည်း အလုပ်မပြီးသေးတော့သူမရပ်နိုင်သေး ။ ခက်ရင်းခွလေးနှင့် မြေကြီးကိုဆွပြီးမြောင်းဖော်လိုက် ခရမ်းချဉ်သီးအစေ့လေးတွေထည့်လိုက်နှင့် ထယ်ယောင်းတစ်ယောက်အလုပ်ကိုရှုပ်နေတော့သည် ။

~~~~~~~~~

ဂျုံးဂုမှာ မနက်ကတည်းကဆေးခန်းလူကျနေတာမလို့ မနားရသေးပေ ။ မြို့ကဆေးခန်းတွေလိုအကူသူနာပြုလည်းမရှိတာမလို့ စမ်းသပ်ပေးတာရော ဆေးစပ်ပေးတာရောသူတစ်ယောက်တည်းပဲလုပ်နေရသည် ။ လူနာတိုင်းကို သေချာလေးစမ်းသပ်ပေးပြီး သောက်ဆေးတွေသေချာပေးသည် ။ ဒီဆေးတွေသောက်နေရင်းမှမသက်သာရင်လည်း သူ့ဆီပြန်လာပြဖို့အထပ်ထပ်မှာပေးသည် ။ လူနာတွေအကုန်ရှင်းသွားပြီမလို့ ဂျုံးဂုအခုမှပဲနားရတော့သည် ။ သတိရလို့နာရီကိုကြည့်မိတော့ ထယ်ယောင်း ပုံမှန်လာချိန်ထက်ပင်နောက်ကျနေပြီဖြစ်သည် ။ အလုပ်တွေပဲများနေလို့လားသူတွေးလိုက်မိသေးသည် ။ ဒါပေမယ့် ဒီကောင်လေးလိုလူဟာ သူ့အလုပ်တွေဘယ်လောက်များများ တစ်ဖက်လူကိုအရေးမစိုက်ပဲ လုပ်တတ်သူမဟုတ်ဘူးဆိုတာသူသိသည် ။ ဒါဆို ကောင်လေးဘာဖြစ်နေလို့လဲ ။

~~~~~~~~~~

အချိန်အားဖြင့် နေ့လည် ၁၁ နာရီခွဲလောက်ရှိပြီ ။ ဆရာ့အတွက်ထမင်းပို့ရမှာရှိသေးတာမလို့ လုပ်လက်စတွေကိုထားခဲ့ပြီး ထမင်းပို့ဖို့လုပ်ရတော့သည် ။ အရင်ဆို ၁၁ နာရီလောက်ဆိုပုံမှန်ပို့နေကြမလို့ နောက်ကျနေပြီဖြစ်၍ သွက်သွက်လေးပြေးလာလိုက်သည် ။ ထယ်ယောင်း အမြန်ပြေးလာမိတာမလို့ မြေကြီးမှာထိုးထိုးထောင်ထောင်စိုက်နေတဲ့ ပုလင်းကွဲစကိုမမြင်လိုက် ။ ထိုပုလင်းကွဲစပေါ်ကိုတက်နင်းလိုက်မိသည်နှင့် ချွန်ထက်နေတဲ့ ဖန်ကွဲစထိပ်က ထယ်ယောင်းစီးထားတဲ့ဖိနပ်ပါးလေးကိုထုတ်ချင်းဖောက်ကာ ခြေဖဝါးမှာ သွားစိုက်သည် ။

LOYALWhere stories live. Discover now