အပိုင်း (၂၁)

2.5K 327 187
                                    

Unicode

မနေ့ညကဟီအွန်းပြောလာသည့်ကိစ္စအတွက် မေမေ့ကိုသူပြောစရာရှိတာတွေကို ပြောရပေဦးမည်။ ထို့ကြောင့် အလုပ်မသွားခင် မေမေ့အခန်းထဲသို့ခဏဝင်လာခဲ့လိုက်သည်။

"မေမေ"

အခန်းထဲ သတင်းစာထိုင်ဖတ်နေသည့် မေမေက ပြောဆိုသည့် သဘောနှင့်မော့ကြည့်လာသည်။

"ဟီအွန်းကို ကလေးယူမယ့်ကိစ္စကိုပြောတယ်ဆို"

"အေးလေ မင်းတို့အိမ်ထောင်သက်တမ်းဘဲ တစ်နှစ်ထဲဝင်လာပြီကို...အမေလည်းမြေးချီချင်တာပေါ့"

"မဟုတ်ဘူးလေမေမေရာ"

ပြောရခက်နေပြန်တဲ့သားဖြစ်သူကြောင့် သူမအလိုမကျစွာကြည့်မိလိုက်သည်။

"သားကဘာပြောချင်နေလို့လဲ"

စကားလမ်းကြောင်းဖွင့်ပေးလာတဲ့မေမေက သူရဲ့ပြောမထွက်တဲ့အကြောင်းအရာကိုသိချင်နေပုံရသည်။

"မေမေ ကျွန်တော်ဟီအွန်းနဲ့ယူထားတာမှန်ပေမယ့် ရမှာကျန်ခဲ့တဲ့ကျွန်တော့်အိမ်ထောင်ဖက်ယောင်းလေးနဲ့က ကွာရှင်းထားတာမဟုတ်ဘူး။ ပြီးတော့ ကျွန်တော့်မှာသားလေးတစ်ယောက်လည်းကျန်ခဲ့သေးတယ်။ မေမေ မသိပဲနဲ့ လုပ်ချင်ရာတွေကိုစွတ်လုပ်မနေပါနဲ့မေမေရာ"

"ဘာပြောတယ် ကလေး ဟုတ်လား...မင်းက ကလေးပါယူခဲ့သေးတယ်"

"ဟုတ်တယ် မေမေ လက်မခံနိုင်စရာ ယုံစရာမရှိမှန်းသိပေမယ့် ယောင်းလေးက ကျွန်တော့်သားလေးကို ကိုယ်တိုင် ကိုယ်ဝန်လွယ်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်မွေးပေးခဲ့တာ"

"ဂျွန်ဂျုံးဂု မင်း...ဒါတွေကိုဘာလို့အခုမှလာပြောတာလဲ...ငါလက်မခံနိုင်ဘူး...မင်းယောက်ျားရောမင်းကလေးကိုရောငါလက်မခံပေးနိုင်ဘူး....မင်းလုပ်ချင်ရာတွေလုပ်ခဲ့ပြီးမှ တစ်ခုပြီးတစ်ခုငါ့ကိုအခုမှလာပြောနေတာ ငါသေသွားတာမြင်ချင်လို့လား ဟမ်"

သူ့ရင်ဘတ်ကိုတစ်ဘုန်းဘုန်းထုရိုက်ကာ ငိုလျက်ဆိုလာလေတဲ့မေမေ့ကိုမြင်နေရတာစိတ်မကောင်းပေမယ့် ဒါသူ့ဘက်ကနေ ယောင်းလေးအတွက်အခုချိန်အထိ ထားထားတဲ့သစ္စာတရား။ သူ့ရဲ့နှလုံးအိမ်ကိုပိုင်စိုးသူဟာ ယောင်းငယ်ပဲဖြစ်သလို ခန္ဓာကိုယ်ကိုပိုင်စိုးသူဟာလည်း ယောင်းငယ်တစ်ဦးတည်းသာဖြစ်သည်။

LOYALWhere stories live. Discover now