အပိုင်း (၅)

3.1K 432 40
                                    

Unicode

ထယ်ယောင်းကိုပွေ့ချီပြီးအိမ်ထဲဝင်လာတော့ အိမ်ရှေ့မှာထိုင်နေတဲ့ထယ်ယောင်းအဖွားက မမြင်ရဟန်သေချာအားရုံစူးစိုက်လှမ်းကြည့်နေသည် ။

"မြေးလေးလား"

"ဖွား ကျွန်တော်"

သူပွေ့ချီလာတဲ့ကောင်လေးက သူဖြစ်ကြောင်းအသံပြုသည် ။

"ဘာဖြစ်လာတာလဲ မြေးလေး"

"ခြေဖဝါးမှာဖန်ကွဲစစူးလာလို့ ဖွား ။ ကျွန်တော်သေချာဆေးထည့်ပေးထားပါပြီ"

ထယ်ယောင်းအစား ဂျုံးဂုပြန်ဖြေလိုက်သည် ။

"ကျေးဇူးပါ ဆရာရယ်....မြေးလေးရယ် ဘယ်လိုဖြစ်တာတုန်း"

ထိုင်နေရာကနေထလာပြီး ထယ်ယောင်းအတွက်နေရာဖယ်ပေးရှာသည် ။ ဂျုံးဂုလည်း အိမ်ရှေ့က ကွပ်ပျစ်လေးမှာထယ်ယောင်းကိုပွေ့ချီထားရာမှချပေးလိုက်သည် ။

"ဆရာ့ကိုထမင်းပို့ဖို့အမြန်ပြေးလာမိတာဖွား...အဲ့တာ မမြင်ပဲတက်နင်းမိလိုက်တာ"

"အော် မြေးလေးရယ် အရမ်းနာနေလား"

"ရတယ်ဖွား ဆရာဆေးထည့်ပေးထားတာသက်သာတယ် ။ အော် ဆရာ ဆေးဖိုးကိုကျွန်တော် သက်သာတာနဲ့လာပေးပါမယ်"

"အာ မဟုတ်တာကိုထယ်ယောင်းကလည်း မယူဘူးရတယ် ။ အနာဆေးထည့်ပေးရုံလောက်ကို"

"ဒါတော့လက်ခံပေးပါဆရာရယ်"

ခေါင်းမာတဲ့ဒီကောင်လေးက မယူမချင်းပြောနေမှာ ။ စိတ်ချမသာအောင်ပဲ ဂျုံးဂု ခေါင်းညိတ်ပြလိုက်သည် ။ ထိုအခါမှ မျက်နှာလေးကဝင်းပသည် ။

"ဆရာ ခဏထိုင်နေကျွန်တော် ထမင်းသွားထည့်ပေးမယ်"

"ခြေထောက်ကထောက်လို့မှအဆင်မပြေတာကို"

"ရတယ် ရတယ်ဆရာ ကျွန်တော်သွားတတ်တယ်"

ခြေထောက်တစ်ဖက်ပဲမြေပြင်ထက်ချပြီး ဘေးနားကပစ္စည်းတွေအကုအညီနဲ့ထဖို့ကြိုးစားနေတဲ့ကောင်လေးကို သူပွေ့ချီဖို့ပြင်လိုက်တော့ ချက်ချင်းရိပ်မိတဲ့ကောင်လေးက အမြန်ပင်တားတော့သည် ။

"မပွေ့နဲ့တော့နော်ဆရာ ကျွန်တော်တကယ်အဆင်ပြေတယ်"

"ဟောဗျာ ကူတော့တွဲပေးမယ်လေ"

LOYALDonde viven las historias. Descúbrelo ahora