အပိုင်း (၁၃)

3.1K 368 41
                                    

Unicode

ဂျုံးဂုနဲ့ထယ်ယောင်းရဲ့မင်္ဂလာဆောင်ပွဲလေးက လူအနည်းအကျဉ်းလေးနဲ့ပေမယ့်စည်စည်ကားကားဖြစ်နေသည် ။ ဆေးဖြူဖြူတွေသုတ်ထားတဲ့ဘုရားကျောင်းငယ်လေးက သူတို့နှစ်ယောက်ရဲ့သစ္စာတရားတွေကိုအသိမှတ်ပြုပေးမည့်နေရာ ။ ပကာသနတွေမပါဝင်တဲ့မင်္ဂလာပွဲလေးက အေးအေးချမ်းချမ်းလေး ဖြစ်တည်နေသည် ။ ဂျုံးဂု မင်္ဂလာပွဲကိုလာသည့် ဧည့်သည်တွေကို ဧည့်ခံနေသည် ။ ထယ်ယောင်းကတော့ ဒေါ်ဒေါ်အို့ဂွန်းတို့ခေါ်သွားပြီး ပြင်ဆင်ပေးနေကြတုန်းပင် ။

အဖြူရောင်သတို့သားဝတ်စုံနှင့်ဂျုံးဂုကခန့်ခန့်ညားညားနှင့်ကြည့်ကောင်းနေသည် ။ သေသပ်စွာဖြီးသင်ထားတဲ့ဆံသားတွေ ။ ကြည်လင်အေးချမ်းနေသောမျက်နှာဟာ ပြီးပြည့်စုံမှုတွေနှင့်တည်ရှိနေလို့ ။ လူတိုင်းကိုအပြုံးမပျက်မမောနိုင်မပန်းနိုင် လိုက်လံနှုတ်ဆက်နေသည် ။ လာသမျှဧည့်သည်တွေမှာ လူကြီးပိုင်းတွေများကြတာမလို့ ထယ်ယောင်းလေးကို သူ့လက်ထဲအပ်ပါတယ်ဆိုတဲ့အကြောင်း သေသေချာချာစောင့်ရှောက်ပေးဖို့အကြောင်းကိုပဲ အပ်ကြောင်းထပ်သည်အထိမှာကြသည် ။

မကြာခင် မင်္ဂလာပွဲကစတော့မည် ။ သံစဉ်ငြိမ့်ငြိမ့်ညောင်းညောင်းက ဘုရားကျောင်းအတွင်းမှာ ပျံ့လွင့်လို့ ။ ဧည့်သည့်တွေလည်း ကိုယ့်နေရာကိုယ်အသီးသီးယူကာထိုင်ကြပြီဖြစ်သည် ။ နာရီကိုကြည့်မိတော့ မင်္ဂလာအချိန်ကိုရောက်လာပြီဖြစ်သည် ။ ဘုန်းတော်ကြီးလည်းရောက်လာပြီမလို့ မင်္ဂလာပွဲကိုစတင်လိုက်ရင်း ဂျုံးဂု ဘုန်းတော်ကြီးရှေ့နေရာယူလိုက်သည် ။ လက်ထဲဆုပ်ကိုင်ထားတဲ့ စိန်မြှုပ်ထားတဲ့လက်စွပ်လေးနှစ်ကွင်းကို ငုံ့ကြည့်ရင်း အပြုံးတွေဟာအတိုင်းအဆမရှိ ။ သူမျှော်လင့်နေခဲ့ရတဲ့နေ့လေးဟာ အခုချိန်မှာရောက်ရှိနေပြီဖြစ်သည် ။

~~~~~~~~~~~

ထယ်ယောင်းမှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ပြီး မယုံနိုင်ဖြစ်နေရသည် ။ စွတ်စွတ်ဖြူနေတဲ့သတို့သားဝတ်စုံလေးဟာ သူ့ရဲ့ပါးလျလျခန္ဓာလေးထက်မှာ အပိုအလိုမရှိနေရာယူလို့ ။ မှုံညက်ညက်မျက်နှာလေးက ရှင်းသန့်ကာကြည်လင်နေသည် ။ အခုချိန်ထိကို သူ့ကိုယ်သူမယုံနိုင်သေးတာ ။ သူကကိုကို့လိုလူရဲ့လက်တွဲဖော်ဖြစ်လာခဲ့သည်တဲ့လား ။ မင်္ဂလာပွဲကလည်းစတော့မှာမလို့ ရင်တွေကလည်းတုန်နေသည် ။ ရွာထဲက ပန်းဆိုင်လေးကနေစည်းပေးထားတဲ့ baby breath ပန်းစည်းလေး ။ ဒေါ်ဒေါ်အို့ဂွန်းက ပန်းစည်းလေးကိုလက်ထဲထည့်ပေးပြီး မျက်ရည်တွေလည်ပြီးကြည့်နေရင်းပြုံးပြသည် ။ ဒေါ်ဒေါ်အို့ဂွန်းကသူ့အပေါ် အမေတစ်ယောက်လိုစောင့်ရှောက်ပေးလာတာမလို့ အခုလည်း ကြည်နူးမျက်ရည်တွေဝိုင်းနေမှန်း ထယ်ယောင်းနားလည်ပါသည် ။

LOYALWhere stories live. Discover now