အပိုင်း (၁၆)

2.6K 359 69
                                    

Unicode

အိမ်ပြန်ရောက်လာတော့ ရင်သွေးလေးလွယ်ထားရသည်ကိုမယုံနိုင်ဖြစ်နေသည့် ထယ်ယောင်းကို ဂျုံးဂုမှာရှင်းပြဖို့လုပ်ရသည် ။ အခန်းထဲ ငိုင်ငိုင်လေးထိုင်နေတဲ့ထယ်ယောင်းဘေးနားမှာ ဂျုံးဂုဝင်ထိုင်လိုက်သည် ။

"နေရတာအဆင်ပြေရဲ့လား ယောင်းငယ်"

လက်ကလေးတွေကို အုပ်မိုးပြီးဆုပ်ကိုင်လျက်မေးတော့ ငိုင်နေရာကနေ မျက်လုံးလေးတွေကအသိဝင်လာသလို မော့ကြည့်လာလေသည် ။

"ကိုကို"

"အင်း ယောင်း...ကိုယ် ယောင်းဘာပြောချင်လဲနားလည်တယ် ။ဆေးရုံမှာကိုယ်ပြောခဲ့သလိုပဲ ယောင်းက ကိုယ်တို့ရဲ့ရင်သွေးလေးကိုလွယ်ထားရတယ်"

"ဘယ်လိုဖြစ်လို့လဲဟင်ကိုကို...ယောင်း က အဲ့လိုလွယ်လို့မရဘူးလေ မဟုတ်ဘူးလား"

"အင်း ပုံမှန်အတိုင်းဆိုတော့မဖြစ်နိုင်ပေမယ့် ယောင်း လိုမျိုးက ၁၀၀၀ မှာ တစ်ယောက်လောက်ပဲရှိတဲ့အထိရှားတယ်လေ....အဲ့ထဲကမှ ကိုယ့်ရဲ့ယောင်းလေးက ဖြစ်လာတာ"

"ယုံတောင်မယုံနိုင်ဘူးကိုကိုရယ်"

"ကိုယ် ယောင်းလို ကိုယ်ဝန်ဆောင်တွေအကြောင်းကို နည်းနည်းပါးပါးတော့လေ့လာဖူးတယ် ။ အခု ကိုယ်ပြန်ပြီးသေချာလေ့လာနေတယ် ယောင်းငယ်ရဲ့ ။ ကိုယ် ယောင်းကို လျှို့ဝှက်ပြီးလည်းမထားချင်ဘူး ။ ကိုယ်လေ့လာထားသလောက်အရဆို အခုလိုပုံမှန်မဟုတ်တဲ့မွေးဖွားတာက မွေးဖွားတဲ့အချိန် ယောင်းဆီမှာ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ် ။ အဲ့ခါကျ ကိုယ် ကလေးလေးနဲ့ယောင်း ကိုရွေးရမယ်ဆို..."

"ကလေးလေးကိုပဲရွေးနော်ကိုကို...ကျွန်တော့်ကြောင့်နဲ့တော့ ကလေးလေးကိုမစွန့်ပစ်ပါနဲ့ကိုကိုရယ်"

မျက်ရည်တွေဝဲကာ ဂျုံးဂုတို့စကားတို့မဆုံးခင် ဖြစ်တည်လာမယ့်ရင်သွေးလေးကို ကာကွယ်ပေးဖို့ ထယ်ယောင်းက ဖြတ်ပြောသည် ။

သူ့အတွက် ကိုကိုနဲ့ ဖြစ်တည်လာတော့မည့်ကိုကို့ရဲ့ရင်သွေးလေးကသာအရေးကြီးသည် ။ တစ်ဖက်သတ် ဆန်သည်တော့မဟုတ် ။ အကယ်၍ ကိုကိုပြောသလိုရွေးချယ်ရမယ့်အခြေအနေတွေရှိခဲ့ရင်တော့ ကလေးလေးကိုပဲရွေးချယ်မည် ။ သူ့ဘဝမှာ ကိုကိုကသာအရာရာဖြစ်လာခဲ့သည်မလို့ ကိုကို့ရဲ့ရင်သွေးလေးဟာလည်းသူ့အတွက် တစ်ကမ္ဘာဖြစ်တည်လာခဲ့သည်ဖြစ်သည် ။

LOYALWhere stories live. Discover now