အပိုင်း (၁၉)

2.2K 311 73
                                    

Unicode

"ဟီအွန်း သမီးလေး လာလေ အိမ်ထဲ"

သားနှင့်မိတ်ဆက်ပေးမည့် သူမလုပ်ငန်းထဲကယုံကြည်ရတဲ့မိတ်ဆွေ၏သမီးလေး။ တော်လေးထက်လွန်းတဲ့သမီးလေးဟာ သူမမြင်မြင်ချင်းချစ်ခဲ့ရပြီး သားလေးနှင့်နေရာချထားပေးခဲ့ချင်တာဖြစ်သည်။

"ခဏထိုင်ဦးနော် အန်တီသားကိုသွားခေါ်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

စကားတွေများထားကြပေမယ့် သူမ သားကိုခေါ်ဖို့အိမ်ပေါ်တက်လာခဲ့လိုက်သည်။ အခန်းထဲကခုံမှာ ငိုက်စိုက်ထိုင်နေတဲ့ပုံစံက ညှင်းသိုးလွန်းလှသည်။ သူမသားက ထက်ထက်မြက်မြက်နဲ့သွက်သွက်လက်လက်ရှိတဲ့သူ။ အခုလိုဖြစ်နေတာ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကိုယူခဲ့မိရတာကြောင့်။

"ဟီအွန်းလေး ရောက်နေပြီ အောက်ဆင်းလာခဲ့"

"မေမေ ကျွန်တော်အကုန်လုံးပြောထားပြီးသားကိုဗျာ"

"မင်းငါ့ကိုအာခံဖို့မကြိုးစားနဲ့...ငါကမင်းရဲ့အမေ...မင်းအတွက်ကောင်းမယ်ထင်တာကိုငါလုပ်နေတာ...မိဘကလက်နဲ့ရေးတာကို ခြေနဲ့မဖျက်ချင်နဲ့"

ငယ်ငယ်ကတည်းက အမေစကားကိုတဝေမသိမ်းနားထောင်ခဲ့သည့်သားဖြစ်သူက အပြင်လူတစ်ယောက်ကြောင့် အခုလိုအာခံမှုတွေလုပ်နေတော့ မေမေဘက်ကကြည့်လျှင် ရင်နာစရာတစ်ခုဖြစ်သည်။ ဒါပေမယ့် အခုသူဟာ အရွယ်ရောက်လာပြီး ကိုယ့်ဘဝကိုလျှောက်လှမ်းတော့မည့်လူတစ်ယောက်။ တစ်ချိန်လုံးမိဘကိုအားကိုးလို့မရတော့သလို မိဘစီမံပေးသမျှကိုလည်း အတင်းခေါင်းညိတ်လက်ခံစရာမလိုဘူးပဲလေ။ သူ့ဘဝကိုသူကိုယ်တိုင်တော့ရွေးချယ်လုပ်ပိုင်ခွင့်ရချင်သည်။

အခုက တစ်ဖက်ကမိန်းကလေးလည်းရောက်နေပြီဆိုတော့ သူဆင်းသွားမှဖြစ်မည်လေ။

"ကျွန်တော်ဆင်းလာခဲ့မယ်"

သူ့ကိုတစ်ချက်မျှသာကြည့်ပြီး မေမေကအိမ်အောက်သို့ပြန်ဆင်းသွားသည်။

မေမေ့ရဲ့အတ္တဆန်မှုတွေကိုသူလွန်ဆန်လို့ရပါ့မလားလေ။အလုပ်တစ်ခုကိုလုပ်ပြီဆိုလျှင် ပြီးမြောက်အောင်လုပ်တတ်သည့် မေမေ့အကျင့်ကိုသူကောင်းကောင်းသိသည်။
အခုပုံစံအတိုင်းဆို ရှေ့ဆက်ပြီးမလွယ်ကူတော့။ ရွာမှာစောင့်ပြီးကျန်ခဲ့တဲ့ယောင်းငယ်နဲ့သူ့သားလေးရဲ့မျက်နှာလေးကိုမြင်ယောင်ကာ အားတင်းရင်း ပူလောင်နေတဲ့စိတ်တွေကို အတတ်နိုင်ဆုံးအေးချမ်းအောင်လုပ်ကာ အိမ်အောက်သို့ဆင်းလာခဲ့လိုက်သည်။

LOYALWhere stories live. Discover now