အပိုင်း(၁၈)

2.3K 349 73
                                    

Unicode

ဒီနေ့ သူမသားလေး တာဝန်ရက်ပြည့်လို့ သူမဆီပြန်လာမယ့်နေ့ ။ ဒါကြောင့် သူမ ဟင်းတွေဖွယ်ဖွယ်ရာရာကိုချက်ပြုတ်ထားသည် ။ သုံးနှစ်ကြာမှ တွေ့ရတဲ့သူမသားလေးကို သူမမျှော်နေမိတာအမှန် ။ သားက ပိတ်ရက်တွေတောင်ပြန်လာခဲ့သည်မဟုတ် ။ အခုတော့ သူမသတိရနေသည့်သားလေးကပြန်ရောက်လာတော့မည်။

အချိန်တစ်ခုအကြာစောင့်လို့အပြီးမှာ သူမရဲ့သားလေးကတာဝန်ကျရာကနေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အမေချစ်တဲ့သားလေးကတော့ ပွေ့ဖက်ကာ သတိရကြောင်းပြောနေရှာသည်။ မတွေ့ရတဲ့ ဒီနှစ်တွေအတွင်းမှာ သူမသားလေးရဲ့မျက်နှာကပြောင်းလဲသွားသလိုပင်။ ညှိုးညှိုးနွမ်းနွမ်းမျက်နှာလေးကြောင့် အလုပ်တွေပင်ပန်းခဲ့လေသလား။

"သား ခဏနားလိုက်ဦးနော်....ရေချိုးပြီးဆင်းလာခဲ့..မေမေထမင်းတွေထည့်ထားပြီးစောင့်နေမယ်"

"ဟုတ်မေမေ ခဏနေကျွန်တော်ပြန်ဆင်းလာမယ်"

ခရီးဆောင်အိတ်တွေသယ်ကာအိမ်ပေါ်ကိုတက်သွားပြီဖြစ်တဲ့သူမရဲ့သားအလိမ္မာလေး။ ပင်ပန်းရတဲ့ခရီးကပြန်လာတာတောင် ဒီကလေးက မိဘကိုပင်ပန်းစေတဲ့အပြုအမူတွေဖြစ်စေတာမဟုတ်။

ဂျုံးဂုအိပ်ခန်းထဲရောက်သည်နှင့်စိတ်မောလူမောနှင့်ကုတင်ပေါ်ပစ်လှဲချလိုက်မိသည်။ ခွဲလာရသည့် တစ်ခဏလေးတောင် သတိရစိတ်တွေက နှိုင်းဆပြလို့မရအောင်။ အခုချိန်အထိ ငုံ့ကျသွားတဲ့မျက်နှာလေးကိုမြင်ခဲ့ရတဲ့မြင်ကွင်းလေးကို ရင်ထဲကထုတ်လို့မရသေး။ ယောင်းငယ်လေးကို သွေးနုသားနုနှင့်ထားခဲ့ရတဲ့သူ့ဘက်ကလွန်တာသိပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက မျက်နှာသာမပေးသေးမှန်းသူနားလည် သည်။ အဆင်ပြေမှာပါ။ မေမေ့ကိုဖွင့်ပြောပြီးနားချနိုင်တဲ့အခါ။ အချိန်တစ်ခုရောက်လာတဲ့အခါ ယောင်းငယ်နဲ့အတူ မိသားစုဘဝလေးကိုသူစတင်နိုင်တော့မှာ။

.............

"သား ထည့်စား...အကုန်မေမေ့သားလေးကြိုက်တာတွေပဲချက်ထားတာ"

"ဟုတ်မေမေ"

ဂျုံးဂု ဟိုတစ်တို့ဒီတစ်တို့စားနေရင်း အတွေးတွေက နေ့လည်တိုင်း ထမင်းချိုင့်လာလာပို့ပေးတဲ့ကောင်ငယ်လေးထံရောက်နေသည်။ အိမ်ပြန်လာရလို့စိတ်ထဲမပျော်တာတော့မဟုတ်။ မေမေနဲ့ပြန်တွေ့ရလို့ပျော်မိပေမယ့်လည်း သူ့ရဲ့စိတ်ဝိညာဉ်အစုံဟာ အို့ဒ်ဂိုလ်ရွာလေးရဲ့အိမ်ငယ်လေးဆီမှာချန်ရစ်ခဲ့ရတာလေ။

LOYALDonde viven las historias. Descúbrelo ahora