အပိုင်း (၁၅)

3.3K 342 48
                                    

Unicode

ဂျုံးဂုတို့အိမ်ထောင်ရေးလေးကသာယာပါသည် ။ ဂျုံးဂုကလည်း  ထယ်ယောင်းကို သဲသဲလှုပ်ချစ်သလို အထိအခိုက်လည်းမခံ ။ ထယ်ယောင်းကလည်းအိမ်ထောင်ရဲ့တာဝန်တစ်ခုကို လစ်ဟင်းမှုမရှိအောင် ထိန်းသိမ်းနိုင်သည် ။

ရွာထဲက ဒေါ်ဒေါ်တွေဆို ထယ်ယောင်းစိုက်ခင်းထဲလာလျှင်တောင် သိပ်မခိုင်းကြတော့ပေ ။ ဒါတောင် ထယ်ယောင်းက ခေါင်းမာကာ သူလုပ်လို့ရတာလေးတွေဝင်ကာလုပ်ပေးနေတုန်း ။

တဖြည်းဖြည်းနဲ့ဂျုံးဂုရဲ့တာဝန်ကျသည့်ရက်တွေကလည်း ကုန်ဆုံးလာခါနီးပြီဖြစ်သည် ။ ထို့အတွက်လည်း ဂျုံးဂု ပြင်ဆင်စရာရှိသည့် အစစအရာရာအတွက်ပြင်ဆင်ထားရပြီဖြစ်သည် ။

ဂျုံးဂုမှာဖြစ်နိုင်လျှင်တော့ ယောင်းနဲ့သူ့ရဲ့သွေးသားလေးလိုချင်မိသည် ။ ဆေးပညာအရယူလို့ရပေမယ့်လည်း ယောင်း နာကျင်ရမှာကို သူကြောက်သည် ။ ထိုကဲ့သို့မယူဖြစ်လျှင်တော့ အငှားကိုယ်ဝန်ဆောင်နှင့်ယူမည် သို့မဟုတ် ကလေးလေးတစ်ယောက်ကိုမွေးစားရန်သာ သူဆုံးဖြတ်ထားသည် ။
သို့ပေမယ့် အိမ်ထောင်သက် သုံးလကျော်အကြာတွင် ဂျုံးဂု မထင်မှတ်ထားသည့်ကိစ္စနှင့်ကြုံတွေ့ရတော့သည် ။

တစ်ရက် ထယ်ယောင်း ထမင်းစားနေရင်းပျို့တက်ကာ အိမ်အနောက်ဘက်က ရေကပြင်အနားတွင် သွားအန်သည် ။ သူလည်းထမင်းစားနေရာကနေ ထယ်ယောင်းနောက်နေ လိုက်လာလိုက်သည် ။ တော်တော်လေးအန်နေသည်မလို့ သေချာလေးနှိပ်ပေးကာ ခပ်ယဲ့ယဲ့သာကျန်ခဲ့သည့် ထယ်ယောင်းကို အခန်းထဲသို့ တွဲခေါ်လာခဲ့လိုက်သည် ။

နေများမကောင်းလို့လားဟုစမ်းသပ်ကြည့်ပေမယ့် နေမကောင်းသည့်လက္ခဏာရပ်တွေလည်းမပြပေ ။ ထူးဆန်းသည့် လက္ခဏာတစ်ချို့ပြသည်မလို့ ဂျုံးဂု စိတ်ထဲတော့ထင့်သွားရသည် ။ သို့ပေမယ့် မဖြစ်နိုင်သည်မလို့ ဂျုံးဂု များများစားစားတော့ မတွေးဖြစ်လိုက်ပေ ။

ထယ်ယောင်းရဲ့ထိုသို့ပျို့အန်ခြင်းသည် တစ်ခါနှစ်ခါမကတော့ ။ ပင်ပန်းသလိုအမြဲဖြစ်နေသည့် ထယ်ယောင်း ပုံလေးကြောင့် ဂျုံးဂု မှာလည်း စိတ်ပူနေရသည် ။ အရင်တစ်ခါစမ်းသပ်စဉ်က လက္ခဏာတစ်ချို့ကို စာအုပ်မှာရေးမှတ်ကာ အသိဆရာဝန်တစ်ယောက်နှင့်တိုင်ပင်ရန်ဆုံးဖြတ်လိုက်သည် ။

LOYALWhere stories live. Discover now