အပိုင်း (၂)

4.2K 476 44
                                    

Unicode

မနက်အစောထတတ်တဲ့အလေ့အကျင့်ကိုငယ်ငယ်လေးကတည်းက မေမေကလေ့ကျင့်ထားပေးတာမလို့ သူဟာ မနက်ဆိုအစောနိုးနေလေ့ရှိသည် ။ မနက်စောစောစီးစီး ဗိုက်ဆာလာပေမယ့် ဘာစားရမလဲမသိသလို ဘယ်ကိုသွားစားရမလဲလည်းမသိ ။
မုန့်ခြောက်တစ်ချို့ပါလာတာကိုသတိရပြီး ရေသောက်ရင်း ဗိုက်ဖြည့်တင်းရန်ပဲဆုံးဖြတ်လိုက်သည် ။ မေမေသာ မြင်ရင် နားပူအောင်တွတ်ထိုးဦးမှာသေချာပေါက် ။

မုန့်စားရေသောက်ပြီး ရွာထဲကဆေးခန်းကိုသွားကြည့်ချင်ပေမယ့် ဘယ်လိုသွားရမလဲမသိပြန် ။ စိတ်ထဲသတိရလာမိသည်က မနေ့ညကကောင်လေး ။ တခုခုလိုတာရှိလျှင်ခေါ်ခိုင်းပါဆိုပေမယ့် စိတ်ထဲကမခိုင်းရက်ဖြစ်နေခဲ့သည် ။ သူတွေးလို့တောင်မဆုံးခင်မှာပဲ အိမ်ရှေ့ကဖြတ်သွားတဲ့ထိုကောင်လေးကိုတွေ့လိုက်ရသည် ။

စကားလေးဘာလေးပြောကြည့်ချင်နေတာမလို့ ကွပ်ပျစ်မှာထိုင်နေရာကနေအမြန်ပြေးထလာပြီး ခပ်လှမ်းလှမ်းတောင်ရောက်နေပြီဖြစ်တဲ့ ထိုကောင်လေးကိုလှမ်းခေါ်မိတော့သည် ။

အနောက်ကနေခေါ်သံကြားလို့ ထယ်ယောင်းလှည့်ကြည့်မိတော့ ဆရာကသူ့ကိုခေါ်နေတာဖြစ်သည် ။ ခိုင်းစရာရှိလို့ခေါ်တာဖြစ်မည် ။ ထယ်ယောင်း ကျော်လွန်နေတဲ့ခြေလှမ်းတွေကို ဆရာအိမ့်ဘက်ကိုဦးတည်ပြီးခပ်သွက်သွက်ပြန်လျှောက်လာလိုက်သည် ။

"ဆရာ ဘာခိုင်းစရာရှိလို့လဲမသိဘူး"

"အာ ခိုင်းစရာရှိလို့မဟုတ်ပါဘူး...ကျွန်တော် ရွာထဲသွားကြည့်ချင်လို့ လိုက်ပြပေးလို့အဆင်ပြေမလားမေးမလို့ပါ"

"ရတာပေါ့ဆရာရယ်...ဆရာ့ဆေးခန်းဘက်ရော ကျွန်တော်လိုက်ပြပေးမယ်"

"အဲ့တာဆို ခဏလေးစောင့်ပေးပါဦး...ကျွန်တော် အင်္ကျီသွားလဲလိုက်ဦးမယ်"

"ဟုတ်ကဲ့ပါဆရာ...အေးဆေးလုပ်ပါ"

ဂျုံးဂု အိမ်ထဲခပ်သွက်သွက်လေးအိမ်ထဲဝင်လာလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျီနဲ့ဘောင်းဘီကိုအမြန်လဲလိုက်ပြီး ပြန်ထွက်လာလိုက်သည် ။

LOYALWhere stories live. Discover now