အပိုင်း (၂၃)

2.6K 364 111
                                    

Unicode

ထယ်ယောင်းမှာ ဟီအွန်းအိမ်ကိုရောက်လာသည့်နေ့ကတည်းက သူ့အတွက်ထားပေးထားတဲ့အခန်းကလွဲ၍ ကျန်သည့်နေရာများသို့ခြေဦးတောင်မလှည့်မိပါ။ အောက်ထပ်မှာရှိသည့် ဧည့်သည်အခန်းမှာပဲ နေသည်။ ဟီအွန်းနဲ့အတူ အလုပ်အတူသွားရှာသည့်အချိန်လောက်သာ အိမ်ကနေထွက်ဖြစ်တာဖြစ်သည်။ အဖွားကလည်း ကိုယ်မသိတဲ့လူတစ်ယောက်၏ အိမ်ကို ဘယ်လိုအကြောင်းကြောင့်နဲ့ပဲရောက်ရောက် တစ်ခန်းဝင်တစ်ခန်းထွက်နှင့် ကိုယ်သွားချင်ရာသွားနေသည့် အပြုအမူက ရိုင်းပျသည့်အပြုအမူဖြစ်ကြောင်း ဆုံးမဖူးသည်။

ရှင်းလင်းလှသည့် အိမ်အောက်ထပ်က ပရိဘောဂတစ်ချို့နှင့် အခန်းတစ်ချို့ကလွဲလျှင် ကျန်တာသိပ်များများစားစားမရှိပေ။

ဟီအွန်းလည်း အမျိုးသားရှိပါသည်တဲ့။ လောလော ဆယ်တော့ အလုပ်ကြောင့်အိမ်ပြန်မလာနိုင်သေးဟုပြောသည်။

ဟီအွန်းက အလုပ်ကိစ္စတစ်ခုကြောင့်အပြင်ကိုခဏထွက်သွားတာမလို့ သူတို့သားအဖနှစ်ယောက်ပဲအိမ်မှာကျန်ခဲ့သည်။

"သားလေး ပါပါးတို့ သားလေးဒယ်ဒီ့ကိုရှာတွေ့မှာပါနော်...ပါးပါးရဲ့သားငယ်လေး ပါးပါးကြောင့် ဒုက္ခများရပြီ"

ပါးပြင်နုနုလေးတွေကို သူခပ်ဖွဖွလေးဖိနမ်းမိသည်။ ကိုကိုနဲ့တူတဲ့သားလေးက ကုန်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ကာလအတွင်းမှာ သူ့ကိုအဖော်ပြုပေးခဲ့တဲ့ တစ်ဦးတည်းသောကိုကိုနဲ့ဆက်နွယ်ရာလေး။ ကိုကို့ကိုသတိရတဲ့အချိန်တိုင်း သားလေးကိုဖက်ပြီးတစ်ယောက်တည်းငိုခဲ့ရတာတွေကို သူအသိဆုံးပဲလေ။

"အဲ ပါ ပါး အဲ အဲ"

အခန်းတံခါးဝကိုလက်ညှိုးထိုးကာ ပူဆာနေတဲ့ သားလေးကိုကောက်ပွေ့လိုက်ပြီး သူလေးဘာလိုချင်လဲသိအောင်ကြိုးစားမိသည်။ သူနဲ့အနေများတော့လည်း ပါပါးဆိုတဲ့စကားလေးကို မပီကလာပီကလာလေးနဲ့ခေါ်တတ်နေပြီဖြစ်သည်။

"သားလေး ဘာလိုချင်လို့လဲဟင်"

"အဲ အဲ အဲ"

ထယ်ယောင်း တံခါးအနားသို့ခြေလှမ်းတိုးလေ ဂျောင်ဟွန်းလေးရဲ့မျက်နှာလေးပြုံးလာလေ။

LOYALDonde viven las historias. Descúbrelo ahora