အပိုင်း (၂၀)

2.6K 333 250
                                    

Unicode

ဆုံးဖြတ်ချက်တို့ကချခဲ့ပြီးပြီ။ တစ်ဖက်သားမိန်းမငယ်အပေါ်မှာလည်း လိမ်ညာမှုတွေသူမလုပ်ချင်ပါ။ အမှန်အတိုင်းအရာရာကိုဖွင့်ပြောပြီး လက်ခံပေးလျှင်တော့ သူလည်းငြင်းဆိုချက်တွေမပြုတော့။

ဆေးရုံနားက ဆိုင်တစ်ဆိုင်မှာပဲ ဟီအွန်းနှင့်တွေ့ဆုံရန်ချိန်းဆိုလိုက်သည်။ ပန်းနုရောင်ဂါဝန်လေးကိုဝတ်ဆင်ထားတဲ့သူမက တစ်ပါးသူအဖို့တော့ ချစ်သွေးကြွယ်ကာ လှပနေပါလိမ့်မည်။

အမေရိကာနိုနှစ်ခွက်မှာလိုက်ကာ ငြိမ်သက်စွာထိုင်နေမိသည်။ မပြောမဖြစ်ပြောထားရမည့် ကိစ္စမလို့လည်း တွေဝေမနေတော့ပဲ သူစတင်ပြောလိုက်သည်။

"ဟီအွန်းကို ကျွန်တော်ပြောစရာရှိလို့ပါ"

"ဟုတ် ပြောပါ"

တိတ်ဆိတ်စွာနားထောင်နေတဲ့သူမက စိတ်လှုပ်ရှားနေဟန်လည်းရှိသည်။

"ကျွန်တော်တို့ မင်္ဂလာပွဲက ဘယ်လိုပဲပြောပြော ဖြစ်မြောက်ဖို့က သေချာနေပြီလေ...အခု ကျွန်တော့ပြောတဲ့အကြောင်းအရာတွေကို ဟီအွန်းလက်မခံလည်းရပါတယ်။ ပြီးတော့ မေမေ့ကိုလည်းအပြစ်မတင်စေချင်ဘူး"

ထူးထူးဆန်းဆန်းစကားတွေကြောင့် သူမရင်တွေတုန်နေမိတာအမှန်ပါ။ ဂျုံးဂုနဲ့ မင်္ဂလာပွဲကသေချာခဲ့ပြီလို့ အန်တီပြောလာတုန်းက သူမအရမ်းကိုပျော်ခဲ့ရတာပါ။ အခုဘာလို့များ ဂျုံးဂုပ သီးသန့်တွေ့ပြီး အခုလိုစကားတွေပြောနေလည်းသူမနားမလည်နိုင်တော့။

"ကျွန်တော် အို့ဒ်ဂိုလ်ရွာကိုတာဝန် ၃ နှစ်ကျခဲ့တာသိမယ်ထင်ပါတယ်"

"ဟုတ် အန်တီပြောပြဖူးပါတယ်"

"အို့ဒ်ဂိုလ်ရွာမှာ ကျွန်တော့်အမျိုးသားလေးကျန်ခဲ့တယ်"

"ရှင်"

သူမ နားကြားမှားသွားတာများလားလို့ထင်ရအောင်အထိ လက်ခံနိုင်စရာမရှိတဲ့စကားတို့ကို ဂျုံးဂုကဆိုလာသည်။

"သားလေးရောပဲ"

သူမ ကမ္ဘာတွေပျက်ပါပြီ။ သူမသဘောကျမိတဲ့ အမျိုးသားဟာ အိမ်ထောင်ကျခဲ့ဖူးသူတဲ့။ ဒါကိုသူမ မသိခဲ့ရဘဲ။ ဒါဆို အခု ဘာဆက်လုပ်ရမည်နည်း။

LOYALDonde viven las historias. Descúbrelo ahora