အပိုင်း (၉)

2.6K 367 70
                                    

Unicode

ပွဲတော်ရဲ့အပြန်လမ်းတစ်လျှောက်လုံးမှာ ကောင်ငယ်လေးက တိတ်ဆိတ်ပြီးပါလာခဲ့တာ ။ အိမ်ပြန်ရောက်တော့လည်း သူ့ကိုအမြန်နှုတ်ဆက်ပြီး အိမ်ထဲပြေးဝင်သွားတော့သည် ။ ထိုနေ့ညက ဂျုံးဂုအိပ်လည်းမပျော်ခဲ့ပါ ။ အကယ်၍ လက်မခံခဲ့ရင်ရောဆိုသည့်အသိက ခြောက်လန့်နေခဲ့သည် ။ အိပ်ယာထက် ဟိုလှိမ့်ဒီလှိမ့်နှင့် အတွေးပေါင်းသောင်းခြောက်ထောင်က အိပ်မရအောင်ထိုးနှက်နှိပ်စက်နေခဲ့သည် ။

ထယ်ယောင်း ပွဲတော်ကနေပြန်လာပြီး အိမ်ပြန်ရောက်တော့ ဆရာ့ကို အရင်လိုတောင်သေချာနှုတ်မဆက်ရဲတော့ပါ ။ ရင်တွေကလည်းအဆမတန်ခုန်နေမိသလို ကြောက်လည်းကြောက်နေမိခဲ့သည် ။ ဆရာ ဘာလို့အခုလိုဖွင့်ပြောရသလဲ ထယ်ယောင်းနားမလည်နိုင်ပါ ။ ဘယ်လိုစဉ်းစားကြည့်ကြည့် လုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စလေ ။ ထိုနေ့ပြန်ရောက်တဲ့ညက အခန်းလေးထဲမှာ မီးမှောင်ချရင်း ညိမ်ညိမ်လေးထိုင်ကာစဉ်းစားနေမိသည် ။

ဆရာကသူ့ရဲ့ခံစားချက်တွေကိုဝန်ခံလာတော့ သူမယုံနိုင်ခဲ့သလို မူမမှန်စွာဖြစ်နေတဲ့ကိုယ့်နှလုံးသားကိုလည်းသိနေခဲ့သလို ။ အခုချိန်ထိ ထိုလိုအတွေးမျိုးကတစ်စိုးတစိမရှိခဲ့တာမလို့ သူကြောက်နေခဲ့မိသည် ။ ဆရာနဲ့နောက်နေ့တွေတွေ့ရင် သူဘာပြောရမလဲလည်းသိမှာမဟုတ်သလို ကြောင်တောင်တောင်ကြီးဖြစ်နေတော့မှာပင် ။ လူအုပ်ကြီးကြားထဲက ဆရာ့မျက်နှာကိုမြင်ယောင်လာတော့ စောင်လေးကိုခေါင်းမြီးခြုံလိုက်ပြီး မျက်ဝန်းတွေကိုစိုးရိမ်စွာနှင့်ပိတ်ချမိလိုက်တော့သည် ။

~~~~~~~~~~~~~~

ထမင်းချိုင့်လေးကိုင်ရင်း ထယ်ယောင်း အိမ်ကနေထွက်ဖို့ကိုခြေလှမ်းတွေတွန့်ဆုတ်နေခဲ့သည် ။ မနေ့ကမှ ဆရာကဖွင့်ပြောထားတာမလို့ ထယ်ယောင်း မသွားရဲ ။ မသွားရင်လည်း ဆရာ့ကိုဘယ်သူထမင်းပို့မတုန်း ။ ချီတုံချတုံဖြစ်နေပြီး ဘာလုပ်လို့လုပ်ရမလည်းမသိ ။ မသွားလို့လည်းမရတာမလို့ ထမင်းချိုင့်လေး ကိုင်ရင်း ဆရာ့ဆီသို့သာ လာခဲ့လိုက်သည် ။

ဆရာ့အိမ်ကိုရောက်တော့ ဆရာက ဆေးခန်းသွားဖို့ပြင်ဆင်နေသည် ။ ထယ်ယောင်း ဆရာ့ကိုငေးနေမိတုန်း အိမ်ထဲဝင်လာတဲ့သူ့ကိုပြန်လှည့်ကြည့်လာတဲ့ဆရာ့ကြောင့် ထယ်ယောင်း မျက်လုံးလေးတွေ ဘယ်ကိုကြည့်လို့ကြည့်ရမလဲမသိဖြစ်သွားသည် ။ ရုတ်တရက်ကြီးဆိုတော့ အကြည့်လည်းမလွှဲဖြစ်ပဲ ပြူးကြောင်ကြောင်ကြီးကြည့်နေမိတော့ ဆရာက ပြုံးပြသည် ။

LOYALМесто, где живут истории. Откройте их для себя