အပိုင်း(၁၇)

3.2K 369 162
                                    

Unicode

"ယောင်းငယ် ဘာမှမလုပ်နဲ့ထိုင်နေ"

နေ့စေ့လစေ့ကိုယ်ဝန်ကြီးနှင့်မနက်ဖြန်ဆေးရုံတက်ဖို့ရာ ပစ္စည်းတွေဟိုထည့်ဒီထည့်လုပ်နေတာမလို့ တားထားရသည် ။ အခုချိန်ဟာသူ့အတွက်စိတ်ထဲမှာ စိတ်ပူနေတာရော စိတ်လှုပ်ရှားနေတာရောပေါင်းပြီးယောင်းငယ်အတွက် ဆတ်ဆတ်ထိမခံလိုဖြစ်နေရသည် ။

လိုအပ်တဲ့ပစ္စည်းတွေအကုန်ထည့်ပြီးပြီမလို့ ကားပေါ်သို့တင်ရသည် ။ ယောင်းငယ်နဲ့သူပဲ ဆေးရုံကိုအရင်သွားထားနှင့်မှာဖြစ်သည် ။ ဒေါ်လေးအို့ဂွန်းတို့က ယောင်းလေးမွေးမယ့်နေ့မှ လိုအပ်တာတွေကူလုပ်ပေးဖို့ဒယ်ဂူမြို့ပေါ်လာကြမှာဖြစ်သည် ။ အဖွားကိုလည်း ရွာကအသိတွေနှင့် အပ်ထားခဲ့ရသည် ။

"ယောင်း ကိုယ့်လက်ကိုတွဲလိုက်"

ခုံလေးမှာထိုင်နေတဲ့ယောင်းငယ်ကိုချော်လဲတာတွေဖြစ်မှာစိုး၍ သူ့လက်ကိုတွဲစေသည် ။ ပြီးမှ ကားပေါ်တက်ဖို့အတွက် ထိန်းထားပြီး ကားပေါ်တက်စေသည် ။ ထိုအချိန် ဒေါ်လေးအို့ဂွန်းနှင့်အတူ အဖွားကိုစောင့်ပေးမည့်ဒေါ်လေးပါရောက်လာသည် ။

"သွားတော့မှာလား"

"ဟုတ်တယ်ဒေါ်လေး စောစောသွားလိုက်မလို့ ။ ဟိုမှာလည်းနေရာချစရာရှိတာတွေချရဦးမှာမလို့"

"အင်းပါ...ဒေါ်လေးတို့မနက်ဖြန်တက်လာခဲ့မယ်နော်...ဘယ်ချိန်ခွဲခန်းဝင်ရမှာလည်း"

"10 နာရီ ဒေါ်လေး"

"အင်းအင်း ဒေါ်လေးတို့အစောလာခဲ့မယ်"

"အဖွားကိုဂရုစိုက်ပေးပါဦး ဒေါ်ဒေါ်ရှီအာ"

ထယ်ယောင်းက ဒေါ်လေးရှီအာကို အဖွားကိုဂရုစိုက်ပေးဖို့ရန်တောင်းဆိုသည် ။ ဆေးရုံက တစ်ပတ်လောက်တက်ရမည်ဆိုတော့ တော်တော်စိတ်ပူနေရှာသည် ။

"အင်းပါ ထယ်ယောင်းရေ...စိတ်ချချသာသွား"

"ဟုတ် ကျေးဇူးပါဒေါ်ဒေါ်ရေ"

"ဒါဆို ကျွန်တော်တို့သွားတော့မယ်နော် ဒေါ်လေးတို့"

ဂျုံးဂုနှင့်ထယ်ယောင်းမှာ အဖွားကိုရော ဒေါ်လေးတို့ကိုပါနှုတ်ဆက်ပြီး ဒယ်ဂူက ထယ်ယောင်းကလေးလေးမွေးဖွားရမည့် ဆေးရုံကိုထွက်လာခဲ့လိုက်ကြသည် ။

LOYALWhere stories live. Discover now