အပိုင်း (၂၈)

2.6K 257 30
                                    

Unicode

ဆိုးလ်ဆေးရုံကြီးနဲ့မနီးမဝေးက ကော်ဖီဆိုင်လေးထဲမှာ ထယ်ယောင်းနဲ့ဟီအွန်း တိတ်ဆိတ်စွာပဲထိုင်နေမိသည်။ အငွေ့တလူလူနဲ့ သင်းပျံ့နေတဲ့ ကော်ဖီခွက်လေးကလည်း ဟီအွန်းလက်ထဲမှာရှိနေသည်။ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ပြီးကတည်းက တိတ်ဆိတ်နေတဲ့အခြေအနေကို ထယ်ယောင်း အားတင်းရင်းနဲ့ပဲ ဖြိုခွင်းလိုက်သည်။

"ဟီအွန်းမေမေ သက်သာလားဟင်"

"သက်သာပါတယ် အခုဆိုတော်တော်လေးပြန်ထူထူ ထောင်ထောင်ရှိပြီ"

"တော်သေးတာပေါ့ ကျွန်တော့်မှာ ကိုကို့ဆီကသတင်းကြားတော့ စိတ်ပူသွားရတာ"

ထယ်ယောင်းဆီက ကိုကိုဆိုတဲ့စကားမှာ ဟီအွန်း ခပ်ယဲ့ယဲ့လေးပြုံးရင်း မျက်နှာကိုငုံ့ချလိုက်သည်။ ဘာမှမပတ်သက်ခဲ့ရတဲ့သူမတောင် တခြားသူဆီက ဒီလိုကြားတော့နာကျင်လိုက်ရတာ။ ဒါဆို ထယ်ယောင်းမှာရော သူမလိုပဲဖြစ်နေမှာပဲ။ သူမနဲ့လက်ထပ်ထားတုန်းက ထယ်ယောင်းနေရာကတွေးပြီးလည်း နာကျင်ရပြန်သည်။

"ဒါနဲ့ ဒါလေးယူထားပါဦး ကျွန်တော် ဂျင်ဆင်းနဲ့ကြက်စွပ်ပြုတ်လေးလုပ်လာပေးတယ်...အပူခံဘူးလေးနဲ့ဆိုတော့ ခပ်နွေးနွေးလေးတော့ရှိလောက်ဦးမှာပါ"

စားပွဲပေါ်တင်ရင်းသူ့အရှေ့ကို တိုးပေးလာတာမလို့ သူမ အံ့ဩစွာကြည့်မိလိုက်တယ်။ ထယ်ယောင်းက ဘယ်လိုမျိုးထုဆစ်မွေးဖွားခဲ့လို့ အခုလိုနှလုံးသားလှရလဲသူမတစ်ကယ်ကိုတွေးမရဘူး။ ဘယ်လိုပဲကြည့်ကြည့် သူမက ယောက်ျားဖြစ်သူတစ်ယောက်လုံးကို ရယူထားခဲ့မိတဲ့သူပဲလေ။ ပကတိရိုးရှင်းအေးချမ်းသော မျက်ဝန်းရိပ်တွေကို ဟီအွန်းခံစားမိပြန်တော့ ရင်ထဲလှိုက်ကာဝမ်းနည်းလာရသည်။

သူမ အစကတည်းက လက်မခံခဲ့သင့်တာ။ ဂုဏ်သိက္ခာတွေနဲ့ မေမေ့ကျန်းမာရေးကိုအကြောင်းပြရင်း ခံစားချက်တစ်ခုတည်းကို ရှေ့တန်းမတင်ခဲ့သင့်တာ။

"တောင်းပန်ပါတယ်"

ရှိုက်သံမပါအောင်ထိန်းပြောခဲ့ပေမယ့် အဆုံးသတ်မှာအသံဟာထိန်းချုပ်ရခက်သွားခဲ့သည်။ ဒီကောင်လေးအပေါ်မှာ သူမ မတောင်းပန်ပဲဘဝကိုစိတ်သန့်သန့်နဲ့ရှေ့ ဆက်လို့ရမှာမဟုတ်ပါ။

LOYALTempat cerita menjadi hidup. Temukan sekarang