အပိုင်း (၂၆)

5.1K 366 50
                                    

Unicode

ညနေဖက်ရောက်တော့ အပူငွေ့ငွေ့တက်လာသည့်သားလေးကို ထယ်ယောင်းစိတ်ပူလာရသည်။ ကြည့်ရတာ သားလေးအအေးပတ်သွားပြီဖြစ်မည်။ ကိုကိုမေမေ့ကလည်း သားလေးအတွက်နို့ဆန်ပြုတ်နွေးနွေးလေးလုပ်ပေးရှာသည်။ သူ့ကိုမုန်းနေပေမယ့် သားလေးအပေါ်ခါးခါးသီးသီးမဖြစ်တာကိုပဲကျေးဇူးတင်ပါသည်။ လုပ်ပေးထားသည့်နို့ဆန်ပြုတ်ပျော့ပျော့နွေးနွေးလေးကို တရေးနိုးတုန်းကတိုက်ထားပေမယ့်လည်း သားလေးခန္ဓာလေးကနွေးသွားပုံမရှိခဲ့။ အခုတော့ အဖျားက တရိပ်ရိပ်တက်ချင်နေပြီဖြစ်သည်။

တစ်ညနေလုံး ပွေ့ချီကာသူ့ရင်ခွင်ထဲထွေးပွေ့ထားတော့ သားငယ်ကသူကိုယ်ရဲ့အနွေးဓာတ်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။

ညတော်တော်မှောင်မှ ဂျုံးဂုမှာ အလုပ်ကနေပြန်ရောက်လာသည်။

"ယောင်းငယ်"

အခန်းထဲရုတ်တရက်ဝင်လာတဲ့ကိုကို့ကို ထယ်ယောင်း မော့ကြည့်လိုက်သည်။ ကိုကိုတောင်အလုပ်ကပြန်ရောက်ပြီလား။ အတွေးတွေကသားငယ်ဆီမှာပဲရောက်နေတော့ ကားသံတောင်သူအာရုံမထားမိလိုက်။

"ကိုကိုပြန်ရောက်ပြီလား"

"အင်း သားလေးအိပ်နေတာလား"

"သားလေးလေ ဖျားချင်နေပြီထင်တယ်"

ငိုမဲ့မဲ့လေးထယ်ယောင်းကပြောလာတာမလို့ ဂျုံးဂုသားလေးနဲ့နဖူးလေးတွေ လည်ပင်းလေးတွေကို စမ်းကြည့်လိုက်သည်။

"ရေချိုးပေးလိုက်လို့လား ယောင်းငယ်"

"မဟုတ်ဘူးကိုကို ညနေကသားလေး ပျောက်သွားတာလေ ကျွန်တော်မသိပဲ ခြံထဲရှာနေမိတာ...သားလေးငိုသံကြားမှ ဧည့်ခန်းထဲကခုံကြားထဲမှာတွေ့တာ...အဲ့တာ ကြမ်းပြင်ပေါ်အိပ်ပျော်နေတော့ အအေးပတ်သွားတာနေမယ်...ကျွန်တော် ပေါ့ဆလို့ ကျွန်တော့်ကြောင့် သားလေးနေမကောင်းဖြစ်တာ"

ထယ်ယောင်းက ကိုယ့်ကိုကိုယ်အပြစ်တင်တော့ ဂျုံးဂုက အပြစ်မတင်ဖို့ရန်နှစ်သိမ့်ပေးသည်။

"ယောင်းငယ်ကြောင့်မဟုတ်ဘူးနော် ခဏသတိလွတ်သွားလို့ဖြစ်တာပဲကို ကိုယ့်ကိုကိုယ်အပြစ်မတင်ရဘူးနော်...သားလေးကရိုးရိုးဖျားတာ ဆေးသောက်ရင်သက်သာသွားမှာ နော် ယောင်းငယ်"

LOYALWhere stories live. Discover now