အပိုင်း (၁၂)

2.8K 352 56
                                    

Unicode

ဂျုံးဂုနှင့်ထယ်ယောင်းမှာ ချစ်သူတွေဖြစ်လာပြီး ၅ လကျော်လောက်မှ ရွာကလူကြီးတွေကိုအသိပေးဖြစ်သည်။ ပြောပြောချင်းကတော့ ထယ်ယောင်းဖွားက ခါးခါးသီးသီးဖြစ်တာမျိုးမဟုတ်ပဲ လက်မခံနိုင်သလိုအံ့ဩနေခဲ့သည် ။ ထယ်ယောင်းမှာလည်းအဖွားဖြစ်သူ နှလုံးရောဂါရှိတော့ စိုးရိမ်နေခဲ့သည် ။

ဂျုံးဂု ထယ်ယောင်းအဖွားကို တော်တော်လေးပြောပြီးခွင့်တောင်းယူခဲ့ရသည် ။ သူတစ်ကယ်လည်းချစ်မြတ်နိုးတဲ့ကောင်လေးမလို့ သူအစွမ်းကုန်ကြိုးစားသည် ။ ရွာကလူကြီးတွေကလည်း လက်မခံချင်ကြ ။ သူကလည်းတစ်ရွာတစ်ကျေးခဏတာပြောင်းလာသူဆိုတော့လည်း ထယ်ယောင်းဆီမှာ နစ်နာမှုတွေများမှာစိုးကြသည် ။ အခြေအနေတွေကိုထည့်စဉ်းစားကြတာမလို့ ထယ်ယောင်းကိုသူ့ဆီမပေးချင်ကြ ။

သူကတိတွေအထပ်ထပ်ပေးသည် ။ ထယ်ယောင်းပေါ်ဖြစ်တည်ခဲ့တဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို သူတဖွဖွနဲ့ကိုပြောပြသည် ။ တစ်နှစ်ကျော်လောက်နေလာတဲ့သူ့အကြောင်းကို ရွာကလူကြီးတွေတော်တော်များများလည်းသိနေကြပြီမလို့ ထယ်ယောင်းဆန္ဒကိုမေးပြီးမှ ထယ်ယောင်းဆန္ဒအတိုင်း ခွင့်ပြုပေးလိုက်ကြသည် ။

~~~~~~~~~~~~~

အရင်လို လူကြီးတွေမသိအောင် သတိမထားမိအောင် သွားလာနေရတာမျိုးမဟုတ်ပဲ လူကြားထဲလည်း လက်ကလေးကိုဆုပ်ကိုင်ပြီးလျှောက်သွားလို့ရသည် ။ သို့ပေမယ့်လည်း သူ့ကောင်ငယ်လေးက အရှက်အကြောက်ကြီးသည် ။ လက်လေးကိုင်ရင်တောင် ပါးပြင်နုလေးတွေ ရဲနေတတ်တာမျိုး ။

အလုပ်တွေပြီးပြတ်သွားတဲ့ညနေခင်းလေးတွေကတော့အရင်လိုမပျက်မကွက်ရှိနေဆဲ ။ လက်သွယ်သွယ်သေးသေးလေးတွေကို သူ့လက်တွေထဲထည့်ကာဆုပ်ကိုင်ပြီး လမ်းလျှောက်ရတဲ့ညနေခင်းတွေကနေ သံသရာအဆုံးထိ ဒီလက်ပိုင်ရှင်လေးနဲ့ပဲဆက်လျှောက်သွားချင်တာ ။
ယောင်းက ဘဝခရီးတစ်လျှောက်လုံးမှာ သူယစ်မူးချင်တဲ့ တစ်ဦးတည်းသော ပုရိသငယ်လေး ။

"ယောင်း"

"ဗျာ"

"ကိုယ်ယောင်းနဲ့အတူနေချင်ပြီ"

LOYALWhere stories live. Discover now