Unicode
"ကိုကို ရွေးပေးပါဦး ဘာလေးအဆင်ပြေလဲ"
သားလေးအတွက် အင်္ကျီလေးတွေရွေးနေရင်းမှ ဘာယူရမလဲဝေခွဲမဖြစ်နေပြီး သူ့ကိုပါကူရွေးခိုင်းပုံလေးမှာ အိတ်ကပ်ထဲထည့်ဝှက်ထားချင်စရာပင်။
"ရွေးရခက်ရင် ၂ ခုလုံးယူလိုက်လေ"
"ပိုက်ဆံအပိုကုန်ပါတယ်ကိုကိုရယ်...သားလေးမှာ အင်္ကျီလေးတွေရှိပါသေးတယ်...အခုက တွေ့တုန်းလေးအဆင်ပြေလည်းပြေတာလေးမလို့ ဝယ်ပေးတာ"
ကပ်စေးနဲတာလည်းမဟုတ် သူ့နေရာလေးနဲ့သူ ပိုက်ဆံကိုစည်းကမ်းနဲ့သုံးတတ်သည်။ စီးသမျှရေဟာ ဒီကန်သင်းလေးနဲ့တော့ လုံလုံလောက်လောက်စုမိတော့မှာပင်။
"အင်း မိုးပြာရောင်လေးယူလိုက်လေ ချစ်စရာလေး"
"ဟုတ်တယ်နော် ကျွန်တော်လည်းစိတ်က အဲ့တာလေးပိုအလေးသာနေတာ"
သူ့အကြိုက်လေးနဲ့ထပ်တူကျလေတော့ ကျေနပ်သွားတဲ့မျက်နှာလေးက ပါးမို့မို့လေးတွေပါပေါ်တဲ့အထိ။
စုတ်လုံးတစ်လုံးနဲ့သားငယ်ကတော့ သူတို့ကိုအာရုံရပုံမပေါ်။ အခုမှ ပထမဆုံးစားဖူးတာမလို့လည်း မျက်လုံးလေးတွေပြူးပြီး ဒီချိုတဲ့အရသာကို သဘောတွေ့နေပုံရသည်။
ယောင်းငယ်က ချောင်းဆိုးမှာဆိုးပြီးကျွေးချင်ပုံမရ။ သူက အဆင်ပြေပါတယ်ပြောထားလို့သာ ဘာမှထပ်မပြောတော့တာဖြစ်သည်။"ဘာစားမလဲ ယောင်းငယ် ဗိုက်ဆာနေရောပေါ့"
"ကိုကို အဆင်ပြေတာစားပါ...ကျွန်တော်က သိပ်မသိဘူးရယ်"
"အေးဆေးထိုင်လို့ရမယ့်ဆိုင်ပဲသွားကြမယ်လေနော်"
"ဟုတ်"
ကျသင့်သလောက်ငွေရှင်းပြီးဆိုင်ထဲကနေထွက်လာကြပြီ။ ဝယ်ခဲ့သမျှဟာ သူ့ဟာလေးနဲ့သူအိမ်မှာလိုအပ်တာလေးတွေချည်းပဲ။ အပိုအလိုတစ်ခုမှမရှိ။ သူကမလိုပဲဝယ်ဖို့လုပ်လိုက်ရင်တောင် ပွစိပွစိနဲ့ဘေးကနေဆူနေလို့ ထားထားခဲ့ရတာချည်းပင်။
ချစ်ရတဲ့သူရဲ့လက်နွေးနွေးလေးကိုင်ရင်း သူလိုသမျှလိုက်ဖြည့်ဆည်းပေးရတဲ့ခံစားချက်က ပြောပြလို့တောင်မရ။ မျက်နှာလေးပြုံးသွားရုံနဲ့တင် ကမ္ဘာတစ်ခုလုံးတောင်သိမ်းပေးချင်မိတော့တာမျိုး။ ဪ...ချစ်ခြင်းမေတ္တာတွေက တစ်ကယ်ကိုလည်း ဆန်းကြယ်သား။
YOU ARE READING
LOYAL
Fanfictionအခြေအနေတွေ ကွာခြားခဲ့ပေမယ့် နှလုံးသားချင်းနီးစပ်ခဲ့သည်။ အကယ်၍ ကျီစားတတ်သောကံကြမ္မာသည်သာ ကြင်နာတတ်သောနှလုံးသားတစ်စုံကင်းမဲ့ခဲ့လျှင်....။