အပိုင်း (၁၄)

2.7K 280 16
                                    

Unicode

ဂျုံးဂုနဲ့ထယ်ယောင်းတို့ရဲ့ မင်္ဂလာပွဲလေးက လူအနည်းအကျဉ်းနဲ့ပဲ အဆင်ပြေပြေလေးပြီးဆုံးသွားခဲ့ပြီဖြစ်သည် ။ ဘယ်မှတော့မသွားဖြစ်ပေမယ့် ညစာစားပွဲလေးစီစဉ်ထားသည် ။ ညနေတစ်ခင်းလုံးဟာလည်း စားပွဲသောက်ပွဲကိုစီစဉ်သူများနှင့် ရှုပ်ရှပ်ခတ်နေသည် ။ နေလုံးကြီးမှာ အနောက်ဘက်ကို တဖြည်းဖြည်းယွန်းလာတော့ လမ်းမထက်က မာကျူရီမီးလုံးတွေမှာ ဝါကျင်ကျင်အလင်းကိုဆောင်ကျဉ်းလာပြီ ။ အိပ်တန်းတက်ငှက်ငယ်တွေကလည်း မိမိတို့အသိုက်အမြုံလေးရှိရာကိုပြန်ကြပြီဖြစ်သည် ။ တစ်နေ့တာလုံးရဲ့ပင်ပန်းခဲ့မှုတွေကို သူတို့ရဲ့စားသောက်ပွဲလေးမှာ ပြောကြဆိုကြရင်း ရယ်ရယ်မောမောနှင့် စားသောက်ပွဲလေးကအသက်ဝင်နေတော့သည် ။

နှစ်ယောက်စလုံး၏ လူပျိုနောက်ဆုံးညမလို့ ဝိုင်းစကြသည့်သူတွေကလည်း တိုးတိုးတိတ်တိတ်နှင့် ဝိုင်းစကြသည် ။ ဂျုံးဂုရဲ့ မြတ်နိုးရာလေး ယောင်းငယ်ကတော့ မျက်နှာလေးမှာ စတော်ဘယ်ရီခင်းလေးလို ။ ဂျုံးဂုမှာ ငှဲ့လာပေးသမျှဆန်အရက်ကိုအားနာလို့သောက်ရင်း သောက်ရင်းနှင့် တော်တော်လေးများလာပြီဖြစ်သည် ။ ထယ်ယောင်းကတော့ ဆန်အရက်တစ်ခွက်နဲ့တင် စားပွဲပေါ် ခေါင်းငိုက်ကျသွားပြီဖြစ်သည် ။ ညကတဖြည်းဖြည်းနက်လာသလို တိုက်ခတ်သည့်လေအေးကလည်း ခပ်စိမ့်စိမ့်ပင် ။ အကုန်လုံးပျော်ပျော်ရွှင်ရွှင်စားသောက်ပြီးတော့ သိမ်းစရာရှိသည်များကို အကုန်ဝိုင်းဝန်းသိမ်းဆည်းကာ နေအိမ်အသီးသီးသို့ပြန်ကုန်ကြပြီဖြစ်သည် ။

မင်္ဂလာဆောင်ပြီးတော့ နေရမည့်အိမ်ကိုလည်း ထယ်ယောင်းအိမ်ကိုပဲရွေးဖြစ်သည် ။ သူကခဏတာ တာဝန်ကျကာလာနေသည်ဆိုတော့ ထိုအငှားအိမ်လေးမှာ ပရိဘောကဆိုသည်မှာလည်းများများစားစားမရှိပေ ။ ထယ်ယောင်းရဲ့ အဖွားကလည်းကျန်းမာရေးမကောင်းသည်မလို့ ထယ်ယောင်းသူ့နောက်လိုက်ခဲ့ကာ တစ်ယောက်တည်းထားခဲ့ဖို့အဆင်မပြေ ။ ထို့ကြောင့် သူပဲ ထယ်ယောင်းအိမ်ကိုလိုက်နေဖြစ်သည် ။

ထယ်ယောင်းရဲ့အိမ်လေးမှာ ဂငယ်ပုံလေးဖြစ်သည် ။ အို့ဒ်ဂိုလ်ရွာလေးရဲ့ ဓလေ့က ခေါင်မိုးအနိမ့်အမြင့်ကိုခွဲကာ အဆောင်တွေကို လူကြီး လူငယ် နေသည် စသဖြင့်ခွဲခြားလေ့ရှိသည် ။ ဂငယ်ပုံအိမ်လေးရဲ့ ဘယ်ဘက်ကခေါင်မိုးနိမ့်အဆောင်လေးမှာ ထယ်ယောင်းအခန်းလေးဖြစ်သည် ။ အလယ်မှာ လျှောက်လှမ်းနှင့်အတူ ထိုလျှောက်လှမ်းအကျယ်အတိုင်း အဆောင်ရှည်က ညာဘက်ကခေါင်မိုးအမြင့် အဆောင်နှင့်ဆက်ထားသည် ။ ထိုအဆောင်မှာတော့ ထယ်ယောင်းအဖွားနေသည် ။

LOYALWhere stories live. Discover now