အပိုင်း (၂၉)

3.6K 297 42
                                    

Unicode

ကိုကို့မေမေက ပန်းစိုက်ရတာ ဝါသနာပါပုံရသည်။ ဒီနေ့လည်း ပျိုးပင်တွေဝယ်လာရင်း အိုးလေးထဲသေချာစိုက်ဖို့လုပ်နေတာတွေ့ရသည်။

အဆင်သင့်ရောစပ်ထားပြီးသား မြေဆွေးအိတ်ထုတ်ကြီးက တော်တော်ကြီးသည်။ တစ်ယောက်တည်းတော့မနိုင်နိုင်လောက်။ ဒါကြောင့်လည်း အန်တီတစ်ယောက် ပန်းအိုးကို မြေဆွေးအိတ်ကြီးနား ယူသွားပြီးထိုင်ထည့်နေသည်။ ဘယ်လိုဖြစ်ဖြစ် ပန်းအိုးကလည်းကြီးနေတာမလို့ မြေဆွေးသာထည့်ပြီးရင် အလေးကြီးဖြစ်နေချေတော့မှာ။

ရွာမှာ မြေဆွေးအိတ်တွေသယ်ရင်း အပင်တွေအောက် မြေဩဇာထည့်ပေးနေကျသူ့အတွက်က အခက်အခဲမရှိတာမလို့ ကူညီပေးဖို့ရာ သားလေးကိုချီရင်းထယ်ယောင်းအိမ်ထဲကထွက်လာလိုက်သည်။

"အန်တီ ပန်းအိုးကအကြီးကြီးပဲ ကျွန်တော်သယ်ပေးမယ်"

ရုတ်တရက်ရောက်လာတာမလို့ အန်တီကအံ့ဩသွားပုံရပြီး စိုက်ကြည့်လာပေမယ့် ဘာမှမပြောပဲ ပြန်လှည့်သွားကာ သူ့အလုပ်သူဆက်လုပ်နေသည်။

"သားလေးကိုပဲ ချီပေးထားပါလားဟင်...ကျွန်တော်စိုက်ပေးပါမယ်...ရွာမှာက လုပ်နေကျတွေဆိုတော့ ကျွန်တော်အပင်စိုက်တာတော့တော်တော်ကျွမ်းကျင်တယ်"

"မလိုဘူး"

ဘေးနားမှာရပ်နေရင်းပြောနေတာမလို့ အန်တီကစိတ်ရှုပ်သလိုနဲ့ မလိုဘူးလို့ပြောလာတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူကြီးတစ်ယောက် အလေးကြီးမ,ရပြီး အလုပ်လုပ်နေတာကိုတော့ ထိုင်ကြည့်မနေနိုင်ပါ။

"သားသား ခဏလေးနော်...ဖွားဖွားကို ပါပါးကူလုပ်ပေးလိုက်ဦးမယ်နာ်"

နေရောင်ပျပျလေးရှိနေတာမလို့ သားငယ်ကို သူ့အပေါ်ထပ်အင်္ကျီလေး ခေါင်းပေါ်ကခြုံပေးလိုက်ရင်း ခုံလေးပေါ်တင်ထားပေးလိုက်တော့သည်။

"ခါးနာမယ် အန်တီရယ်...ကျွန်တော် လုပ်ပေးပါမယ်"

ပန်းအိုးကို မနိုင့်တနိုင်မ,နေတာမလို့ ထယ်ယောင်း လက်လွှဲယူလိုက်ရတော့သည်။

"ဘယ်နားထားမှာလဲဟင်"

"ငါမလိုဘူးပြောနေတယ်လေ မင်းနားမလည်ဘူးလား"

LOYALWhere stories live. Discover now