အပိုင်း(၂၄)

3.7K 381 81
                                    

Unicode

ဟီအွန်း အိမ်ရှေ့ကကားသံကြားတာမလို့ အိမ်အပြင်ကိုထွက်လာတော့ ထယ်ယောင်းကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည့် ဂျုံးဂုကိုတွေ့လိုက်ရသည်။ ဘာတွေဖြစ်ကုန်လဲ သူမနားမလည်နိုင်တော့ပဲ အခြေအနေတွေကိုအမြန်ဆုံးစပ်ဆက်မိအောင် စဉ်းစားရတော့သည်။

နောက်ဆုံးသူမသိလိုက်ရသည်က ထယ်ယောင်းက ဂျုံးဂုပြောနေကျ ယောင်းငယ် ဆိုသောအမျိုးသားဆိုတာကိုပင်။ ဒါဆို ဂျောင်ဟွန်းလေးက ဂျုံးဂုရဲ့သားလေးပေါ့။

သူမဝမ်းနည်းဝမ်းသားနှင့်ခံစားချက်တွေရောထွေးကုန်သည်။ နောက်ဆုံးတော့ ဂျုံးဂု အပူတပြင်းလိုက်ရှာနေခဲ့သည့် အမျိုးသားလေးက ဘေးမသီရန်မခဲ ဂျုံးဂုဆီရောက်လာခဲ့သည်ပဲ။ ထိုနေ့က အလစ်သမားကိုပဲကျေးဇူးသာပြေးတင်မိတော့သည်။ ထိုအလစ်သမားကြောင့် သူမနှင့်ထယ်ယောင်းတွေ့ခဲ့ရပြီး ဂျုံးဂုနဲ့လည်းတွေ့ခဲ့ရသည်လေ။

"သမီးလေး သားပြန်ရောက်လာပြီလား"

မေမေကပါ ကားသံကြားလို့ထွက်လာသည်ထင်ပါသည်။ သို့ပေမယ့် အရှေ့ကမြင်လိုက်ရသောမြင်ကွင်းကြောင့် ခြေလှမ်းတွေကရှေ့ဆက်တိုးမလာခဲ့တော့ပေ။

"ဒါ ဒါ ဘာဖြစ်နေတာလဲ"

မေမေ့အသံကြားလိုက်တာမလို့ ဂျုံးဂုမှာ ထယ်ယောင်းကို ရင်ခွင်ထဲကနေထုတ်ကာ လက်ချောင်းတွေယှက်သွယ်ကာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"ယောင်းငယ် မေမေ...ကျွန်တော့်ရဲ့အမျိုးသား"

"ဘာ ဘာပြောတယ် ဂျွန်ဂျုံးဂု"

သူမ လုံးဝကိုမယုံကြည်ပေးနိုင်ပါ။ ဘယ်လိုဖြစ်နိုင်မှာလဲလေ။ မနေ့တစ်နေ့ကမှ အိမ်ကိုဧည့်သည်အနေနဲ့ရောက်လာတဲ့ ကောင်လေးက သူမခါးခါးသီးသီးလက်မခံနိုင်တဲ့ သားငယ်ရဲ့အိမ်ထောင်ဖက်ပါတဲ့လေ။ ဒါဟာ ဘယ်လိုအခြေအနေတွေဖြစ်ကုန်တာလဲ။ ထူးထူးဆန်းဆန်းကံကြမ္မာကလည်း သူမထံကိုမှ ကွက်ကျားကံဆိုးလေသလား။ သူမချစ်မိ တွယ်တာမိတဲ့ ကလေးနှစ်ယောက်က သူမမုန်းတီးမိသည့်လူသားတွေပါတဲ့လေ။

"ယောင်းငယ် အိမ်ကိုဘယ်လိုရောက်လာရလဲ ကျွန်တော်သေချာမသိသေးပေမယ့် မေမေ ယောင်းငယ်အပေါ်ဘာမှမလုပ်ထားဘူးလို့ မျှော်လင့်မိတယ်မေမေ"

LOYALTempat cerita menjadi hidup. Temukan sekarang