အပိုင်း (၁၀)

2.9K 399 70
                                    

Unicode

ထယ်ယောင်း ဖွားကိုဆေးတိုက်ပြီး အိပ်ယာလည်းသေချာပြင်ပေးပြီး ခြေဆုပ်လက်နှယ်ပြုပေးသည် ။ ဖွားအိပ်ပျော်သွားမှ စောင်သေချာခြုံပေးပြီး ကိုယ့်အခန်းကိုယ်ပြန်လာလိုက်သည် ။

စိုက်ခင်းမှာတုန်းက ဆရာကညကျရင်လာခဲ့မယ်ပြောသွားသည် ။ ထယ်ယောင်း အိပ်ယာစောစောဝင်ခဲ့ပေမယ့် အိပ်မပျော်နိုင်သေး ။ သူမလာဖို့ပြောပေးမယ် ဆရာကသေချာပေါက်လာမယ်လို့ကိုပြောသွားတာ ။ စောင်လေးကိုရင်ဘတ်နားကိုဆွဲခြုံထားပြီး ညိမ်နေမိသည် ။ နာရီကိုကြည့်တော့လည်း ညသန်းခေါင်ရောက်ပြီ ။ ညနက်လေလေ ထယ်ယောင်းစိတ်တွေလှုပ်ရှားလေ ။ ဆရာရောက်လာရင် သူလုပ်ရမှာလဲ ထွက်တွေ့ရမှာလား ။ အိပ်ချင်ယောင်ပဲဆောင်နေရမလား ။ အိပ်ချင်ယောင်ဆောင်နေရင်လည်း ဆရာကအပြင်မှာညနက်သန်းခေါင်ကြီး တစ်ယောက်တည်းဖြစ်နေမှာ ။

ထယ်ယောင်းအတွေးတွေများနေတုန်းအပြင်က လေချွန်သံလို့တစ်ချက်တစ်ချက်ကြားရတာမလို့ တစ်ကိုယ်လုံးအေးခဲသွားသလို့ လှုပ်တောင်မလှုပ်ရဲ ။ တကယ်ကြီးကို ဆရာ သူ့ဆီလာတာလား ။

ထယ်ယောင်းဒီတိုင်းနေနေရင်လည်းမဖြစ်တာမလို့ မီးအိမ်လေးကိုထွန်းရင်း ခြေသံဖွပြီးထွက်ခဲ့လိုက်သည်။

~~~~~~~~~~~~

အိမ်ထဲကနေ မီးရောင်လှုပ်တုပ်လှုပ်တုပ်ကိုမြင်လိုက်ရတာမလို့ ယောင်းငယ် ထွက်ပြီမှန်းသိလိုက်သည် ။ အိမ်ထဲကနေ ဟိုရှာဒီရှာလုပ်နေတဲ့ကောင်လေးကို သူလေချွန်ပြီးအချက်ပြလိုက်တော့မှ မြင်ပြီး အိမ်ထဲကထွက်လာသည် ။ ခြံတံခါးကိုအသံတိတ်တိတ်နှင့်ဖွင့်ပြီး သူ့ကိုခြံထဲသို့ဝင်လာခိုင်းသည် ။

"ဆရာ ကျွန်တော်မလာနဲ့ပြောလိုက်တယ်လေ"

စိုးလည်းရိမ်နေသလို ကြောက်လည်းကြောက်နေတဲ့မျက်နှာလေးကို မီးအိမ်ရဲ့ အလင်းရောင်ကြောင့် မြင်နေရသည် ။ ဂျုံးဂု လူတွေမြင်မှာစိုးပြီး မီးအိမ်လေးကိုမီးငြှိမ်းလိုက်တော့ လန့်သွားပြန်တဲ့ကောင်လေးက သူ့ကိုမော့ကြည့်လာလေသည် ။

LOYALWhere stories live. Discover now