အပိုင်း (၂၇)

2.4K 268 38
                                    

Unicode

"ကင်မ်ထယ်ယောင်း မင်းလာဦး"

သားလေးကိုဆေးတိုက်ပြီး အိပ်လည်းပျော်သွားပြီမလို့ အပြင်မှာလုပ်စရာရှိလေးတွေလုပ်နေရင်း ကြားလိုက်ရသည့်ခေါ်သံဟာ ပြေပြစ်မှုတော့ရှိမနေခဲ့ပါ။

"ဟုတ် ဘာခိုင်းစရာရှိလို့လဲဟင်"

ထယ်ယောင်းကိုယ်လေးကိုခပ်ရို့ရို့ပဲထားရင် ကိုကို့မေမေအရှေ့မှာရပ်လိုက်သည်။

"ကလေးဆေးတိုက်ထားပြီးပြီလား"

"ဟုတ် တိုက်ပြီးပါပြီအန်တီ"

"နောက်ဆို မင်းကလေးကိုသေချာဂရုစိုက်...တစ်ခုခုထပ်ဖြစ်တာမျိုး ငါမကြားချင်ဘူး ကြားလား"

"ကျွန်တော်သေချာဂရုစိုက်ပါတယ် သားလေးကိုစိတ်ပူပေးလို့လည်း ကျေးဇူးတင်ပါတယ်"

တစ်ကယ်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်မိလို့ ကျေးဇူးတင်မိကြောင်း ထယ်ယောင်းပြောခဲ့မိတာပါ။ မနက်ကလည်း သားလေးအတွက် ဆန်ပြုတ်ချိုချိုလေးကို ကိုကို့မေမေပဲလုပ်ပေးထားတာ။ သားလေးကလည်း နွားနို့နဲ့လုပ်ထားပြီးအချိုလေးဆိုတော့ အများကြီးစားတာမလို့ ထယ်ယောင်းမှာပျော်နေခဲ့ရတာ။

"မလိုဘူး ငါ့သားရဲ့သွေးသားမလို့ ငါလုပ်ပေးသင့်တာလုပ်ပေးတာ"

ထယ်ယောင်းအနည်းငယ်တော့ဝမ်းနည်းသွားရတာအမှန်ပါ။ ကိုကို့ရဲ့သွေးသားဆိုတာမှာ သူ့သွေးသားလည်းသားလေးဆီပါတာပဲမလား။ ဒါလေးကို အသိအမှတ်ပြုပေးခံရဖို့အတွက် ခက်ခဲနေတုန်းပါပဲ။ အကြိုဆိုမခံရတဲ့ လူတစ်ယောက်အတွက် ဒါကဖြစ်လာမယ့်ကိစ္စတွေမလို့ ထယ်ယောင်း သည်းခံနိုင်ပါတယ်။

"အခုခေါ်တာ ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့ပါလဲအန်တီ"

"အိမ်အလုပ်တွေအကုန်လုပ်ပြီးပြီလား"

"ဟုတ် ပြီးတော့မှာအန်တီ ပန်းကန်လေးဆေးစရာနည်းနည်းကျန်နေသေးလို့"

"မကွဲစေနဲ့နော် ပြောင်အောင်ဆေး သားကညစ်ပတ်တာမျိုးတွေမကြိုက်ဘူး"

အိမ်အလုပ်တွေလုပ်ရင်း ရေမချိုးရသေးလို့ ပေတလူးလေးဖြစ်နေတဲ့သူ့ကိုကြည့်ရင်း ဆိုလာတာမလို့ ထယ်ယောင်းစိတ်မကောင်းဖြစ်ရပြန်ပါသည်။

LOYALOnde histórias criam vida. Descubra agora