Part(2)

10.6K 707 0
                                    

#Uni

ဒီနေ့က ကျတော် မန္တလေးကို သွားရမဲ့ရက် ကျောင်းကတော့ ဖွင့်နေပီ ကျတော်ကသာ ၃ရက်လောက် နောက်ကျပီး ရန်ကုန်က ထွက်လာတာ။အရင်က မန္တလေးကို ရောက်ဖူးပါသည်။အခုတော့ မန္တလေးမှာနေပီး ကျောင်းတက်ရမှာဆိုတော့ ခံစားချက်က တစ်မျိုးပဲ။
ဇ နိုင်ငံခြားကို ကျောင်းပြောင်းတော့ ကိုယ်လည်း ဒီမှာတစ်ယောက်ထဲ ကျောင်းဆက်မတက်ချင် နိုင်ငံခြား ကျောင်းလိုက်တက်ဖို့ကလည်း ကျတော်က မြန်မာပြည်ကိုသာ ချစ်သည်။ကိုယ့်နိုင်ငံ မဟုတ်ရင် မနေနိုင်ပါ အလည်အပတ်ဆိုတာ တစ်မျိုးပေါ့။

ကျတော်က တစ်ဦးတည်းသောသား မာမီက ကျတော်ကို မွေးပီးပီးချင်း ဆုံးပါးသွားခဲ့သည်။ကျတော်ရဲ့ ဒယ်ဒီ ဦးမင်းနေရောင်သည် ကျတော်ကို အလွန်ချစ်ပါသည်။ဒယ်ဒီက မာမီဆုံးသွားကတည်းက အချစ်တွေကို ကျတော် တစ်ယောက်ထဲအတွက်သာ အကုန်ပုံအပ်ထားသည်။ဇ ဆိုတာကလည်း တစ်ခြားမဟုတ်ပါ ကျတော်ရဲ့ ဝမ်းကွဲ အကို။အကိုဆိုလို့ အရမ်းကြီး အသက်ကြီးတယ် မထင်ပါနဲ့ ဇနဲ့ ကျတော်က ၃လသာ ကွာသည်။

"သား ကားကို ဖြေးဖြေးမောင်းနော်"

"ဟုတ်ကဲ့ ဒယ်ဒီ.....ဒယ်ဒီ ထိုင်ပါအုံး ကျတော် ကန်တော့ အုံးမယ်"

"အွင်း...ဒယ်ဒီ သားလေး ဟိုမှာ လိမ်လိမ်မာမာ နေနော်...ရန်လည်း မဖြစ်နဲ့ တစ်ခုခုဆို ဒယ်ဒီက သားနား ချက်ချင်းရောက်မလာနိုင်ဘူး "

"ဒယ်ဒီပြောမှ သားက လူဆိုးလေးကျနေတာပဲ ...စိတ်မပူပါနဲ့ ဒယ်ဒီ သားကလေ သားချစ်တဲ့သူတွေ သားပိုင်ဆိုင်တဲ့အရာတွေကို လာမထိရင် ဘယ်သူ့ကိုမှ မငြိပါဘူး"

"ဒယ်ဒီကတော့ သားကို လွမ်းရတော့မှာပဲ အလုပ်တွေကူလုပ်ပေးတဲ့ သားလေး ဘေးမှာမရှိတော့"

"ဒယ်ဒီကလည်း စိတ်မပူနဲ့ သားက ဟိုကနေ ဒယ်ဒီ အလုပ်တွေကူလုပ်ပေးမှာ"

"ဟား.....ဟုတ်ပါပီ...ကဲ သား သွားတော့ ကားနဲ့ဆို မန္တလေး ရောက်ရင် မိုးချုပ်မှာ"

"ဟုတ် ဒယ်ဒီ သား သွားပီနော်"

********************************

"ယွန်း နင့်သူငယ်ချင်းက အခုထိ ကျောင်းမလာသေးဘူးလား"

"မနက်ဖန် ကျောင်းစတက်မှာတဲ့ဟ ....ကောင်းဆက် နင်က သိင်္ဂါကို မျှော်နေတာလား"

One & Only [Completed]Wo Geschichten leben. Entdecke jetzt