Part(28)

5.9K 387 3
                                    

#Uni

မင်းသိင်္ဂါဘုန်းတစ်ယောက် အကိုဝမ်းကွဲဖြစ်သူဇကြောင့် အတော်ပင်ခေါင်းခဲနေတယ်။ဘယ်လောက်ပဲ ခိုးကြောင်ခိုးဝက်ပြန်လာ ဦးလေးဖြစ်သူက သိနေတယ်။အခုလည်းမနက်ထဲက ကားယူသွားပီ မော်ကွန်ဆီသွားပြန်ပီ။ဇကြောင့် ဆက်အဖေနဲ့အမေကို အားနာရတယ်။သားကြီးက ကိုယ်နဲ့ကြိုက်ပီး gayလို့သတ်မှတ်ခံရတယ် အခုလည်းဇကြောင့် သားငယ်ဖြစ်တဲ့မော်ကွန်းက gayလို့ပတ်ဝန်ကျင်က သတ်မှတ်လိမ့်မယ်။တော်သေးတာပေါ့ ဆက်မိဘတွေကခေတ်နဲ့အမှီလိုက်နိုင်လို့။

ခြံရှေ့မှာ ကားတစ်စီးလုံးရပ်တာတောင်မသိပဲ ပါးစပ်စပ်က ပွစိပွစိလုပ်နေတဲ့ ကောင်လေးကို ရပ်ကြည့်နေလိုက်တယ်။သက်ပြင်းတွေလည်း ခနခနချနေတယ်။ဒီကောင်လေး ဘာလို့သက်ပျင်းတွေအဲ့လောက်ချနေတာလည်း...

"မောင်...!"

"ဟင်.....ဆက်
လန့်လိုက်တာကွာ..."

"ဘာလို့ သက်ပြင်းတွေချနေတာလည်း"

"ဇကြောင့်ပေါ့"

"ဇလား မနက်ကအစောကြီး ကိုယ့်ညီကိုလာခေါ်သွားတယ်"

"ဟုတ်တယ် မနက်ကအစောကြီးကားယူပီးထွက်သွားတာ...ညကလည်းမိုးချုပ်မှရောက်လာတာ"

"ကိုယ့်ညီလည်း အတူတူပဲ"

"ကျောင်းသွားရမှာလေ သွား..အဝတ်စားလည်းတော့"

"အင်း ခနစောင့်မကြာဘူး"

ခနကြာတော့ အနက်ရောင်ပြိုင်ကားလေးကျောင်းဝန်းထဲဝင်လာတယ်။လူတွေအားလုံးရဲ့အကြည့်ကလည်း ပြိုင်ကားလေးစီမှာပဲ။ကားပေါ်ကဆင်းလာတာကတော့ တစ်ကျောင်းလုံးရဲ့အချစ်တော် ကောင်းဆက်ဟံသာနဲ့မင်းသိင်္ဂါဘုန်း။

"ဘုန်း အတန်းထဲလိုက်ပို့ပေးမယ်။
ယွန်းကရောက်နေပီတဲ့ ကိုယ်နဲ့ရတုကို တီချယ်ခေါ်ထားလို့ သွားလိုက်အုံးမယ်"

"အင်းအင်း"

"မင်းသိင်္ဂါဘုန်း"
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ မာယာဆူးဖြစ်နေတယ်။ဘာလည်းဆိုတဲ့သဘောနဲ့ မျက်လုံးတစ်ချက်ပင့်ပြလိုက်တယ်။

"ငါ နင့်ကိုတောင်းပန်ချင်လို့ အရင်ကကိစ္စတွေအတွက်ပေါ့"

"အဟက် မလိုပါဘူး"

One & Only [Completed]Where stories live. Discover now