Part(18)

6.4K 666 11
                                    

#Uni

ဒီနေ့ကကျတော်နဲ့ဆက်ရဲ့ 1month Ani ကျတော်ကသာသတိရနေတာ ဆက်ကရောသတိရရဲ့လား။ဒါတွေကအရေးမကြီးမှန်းတော့သိတယ် ဒါပေမဲ့လည်း messageလေးတော့ပို့သင့်တယ်မလား။

တီ.....တီ
ခြံရှေ့က ကားသံကြားတော့ ကျတော်လည်းအိမ်ထဲကထွက်လာလိုက်တယ်။ဆက်က ကျောင်းသွားဖို့ လာခေါ်တာဖြစ်တယ်။
ကျတော်လည်း ကားထဲကို ဝင်ထိုင်လိုက်တယ်။

"ဘုန်း....နေမကောင်းဘူးလား မျက်နာကဘာဖြစ်နေတာလည်း..."

"ဘာ မှ မ ဖြစ် ဘူး..."

"ဟုတ်လို့လား...."

"အင်း"

"ဘာမှမဖြစ်လည်း ပီးတာပါပဲ"
ကျတော်သိတာပေါ့ ဒီနေ့က 1month aniလေ ကျတော်မေ့နေတယ်ထင်ပီး ဘုန်းကစိတ်ကောက်နေတာဖြစ်မယ်။ကျတော်လည်း စချင်တာမလို့မသိသလိုနေလိုက်တယ်။ကျောင်းသွားတဲ့ တစ်လမ်းလုံးကျတော်ဘက်ကိုလှည့်တောင်မကြည့်ဘူး။

"ဘုန်း စိတ်ကောက်နေတာလား..."

"ငါက မိန်းမလား"

"အဲ့ဒါဆို ဘာဖြစ်နေတာလည်းကွာ"

"ဘာမှမဖြစ်ဘူးလို့ ပြောတယ်လေ!"

"မင်း ဘာမှမဖြစ်တာက တစ်ခုခုဖြစ်နေသလိုပဲနော်...ရာသီလာနေတာလား"

ခွပ်....
ပေါက်ကရလေးဆယ်ပြောတဲ့ပါးစပ်ကို တစ်ချက်လောက်ထိုးပေးလိုက်တယ်။
"ရာသီမင်းပဲလာ!"

"ဘာလို့ထိုးတာလည်းဘုန်းရာ နာလိုက်တာ
နှုတ်ခမ်းပေါက်သွားပီ"

ကျတော်နှုတ်ခမ်းပေါက်သွားတာတောင် ဟိုဘက်လှည့်သွားတဲ့ကောင်လေး လက်စကလည်း အတော်ပြင်းတယ် ။ကျတော်ကားကို လမ်းဘေးရပ်လိုက်တယ်။

"ရော့....."

ကျတော်ကိုမျက်စပစ်ပြတယ် သဘောကအဲ့ဒါဘာလည်းပေါ့

"ဖွင့်ကြည့်လေကွာ...."

ဆက်ပေးတဲ့ ဗူးလေးကိုဖွင့်ကြည့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရတာက ကဒ်လေးတစ်ခု စာလည်းရေးထားတယ်။စာလေးက အသက်နဲ့ခန္ဓာတည်နေသ၍ မင်းအနားမှာနေချင်တယ်ငါ့ကောင်လေးရ ။ဗူးထဲမှာ နောက်ထပ်တစ်မျိုးပါသေးတယ် ကျတော်ယူကြည့်လိုက်တော့ iPhone 11proMax

One & Only [Completed]Where stories live. Discover now