Part(9)

7.1K 514 8
                                    

#Uni

အိမ်ပြန်ရောက်တော့ ၂နာရီကျော်နေပီ ဖိုးလုံးက မအိပ်သေးပဲစောင့်နေတယ်။
ရတုနဲ့ယွန်းကို နိုးပီး အိမ်ထဲဝင်ခိုင်းရတယ်။
အမူးသမားနှစ်ယောက်က အနည်းငယ်တော့ အမူးပြေနေပီ.....

"ကောင်းဆက် င့ါအိမ်မှာ အိပ်ခန်းသုံးခန်းပဲရှိတာ
တစ်ခန်းက ဖိုးလုံးအခန်း နောက်တစ်ခန်းကအလွတ် ပီးတော့ငါ့အခန်း..ယွန်းကို လွတ်တဲ့အခန်းထဲမှာ အိပ်ခိုင်းလိုက်မယ်...မင်းနဲ့ရတုက ငါ့အခန်းထဲမှာပဲအိပ် အဆင်ပြေလား...."

"ဟို...အကိုလေး..ကျတော်အခန်းထဲ အိပ်ခိုင်းလိုက်ပါ့လား ....အကိုလေးက အခန်းထဲ သူစိမ်းဝင်ရင်မကြိုက်ဖူးလေ..."

"ရတယ်ဖိုးလုံး သူတို့က သူစိမ်းတွေမဟုတ်ဘူး ငါ့သူငယ်ချင်းတွေ......."

"ဘုန်း ရလို့လား
ငါတို့ ဧည့်ခန်းထဲအိပ်လည်းရတယ်.."

"ငါ့အခန်းထဲပဲအိပ်
ဖိုးလုံး မင်းလည်းအိပ်တော့..."

"ဟုတ် အကိုလေး..."

ကျတော် ဘုန်းရဲ့အခန်းထဲဝင်လိုက်တော့
အခန်းက အတော်ကိုကျယ်တယ်။အဝတ်ဗီဒိုကြီး နှစ်လုံး၊အခန်းဝင်ဝင်ချင်း ညာဘက်မှာ စားပွဲခုံတစ်လုံး ကွန်ပြူတာနဲ့ဖိုင်အချို့ ၊ကုတင်ကလည်း အတော်လေးကိုကျယ်တယ်၊ကုတင်ဘေးက မှန်တင်ခုံပေါ်မှာလည်း ရေမွှေးနဲ့ မျက်နှာလိမ်း creamအချို့ အကုန်လုံးက ဈေးအတော်ကြီးတဲ့ အသုံးအဆောင်တွေ.....

"ကောင်းဆက်.."

"ဟင်.."

"ဘာတွေ စဉ်းစားနေတာလည်း...
ရော့....ညအိပ်ဝတ်စုံ မင်းနဲ့ရတုအတွက်
ငါ ယွန်းကို သွားပေးလိုက်အုံးမယ်....
အိင်္ကျီတွေက အသစ်သိလား ငါမဝတ်ရသေးဘူး"

"မင်းဝတ်ပီးတော့ရော ဘာဖြစ်မှာမို့လို့လည်း"

"မင်း မကြိုက်မှာဆိုးလို့"

"ငါကြိုက်တယ်"

"အင်း.....ယွန်းကို သွားပေးလိုက်အုံးမယ်...."

ငါက ဖြစ်နိုင်ရင်မင်းဝတ်ပီးသား အိင်္ကျီလေးကို ဝတ်ချင်တာ ဒါမှ မင်းကိုယ်သင်းနံ့လေးကို တဝကြီးရှုးလို့ရမှာ။အိင်္ကျီကို ကြည့်လိုက်တော့ wtf ...ဒီတံဆိပ်က......တကယ်ဘုန်းက ခန့်မှန်းရခက်တယ် သူ့အသုံးအဆောင် အဝတ်အစားတွေအကုန်လုံးက Brandတွေကြည့်ပဲ ဒါပေမဲ့ ဘုန်းက ပိုက်ဆံရှိတဲ့ပုံစံလည်းမနေဘူး သာမန်ပုံစံလေးပဲနေတယ်။ကျတော်စိတ်ထဲက သိနေတယ် ဘုန်းကသာမန်အသိုင်းအဝိုင်းက မဟုတ်လောက်ဘူး ဇဆိုတဲ့ သူ့အကိုဝမ်းကွဲကလည်း ကျတော်တို့နိုင်က Top 3ရဲ့သားမလား။

One & Only [Completed]Dove le storie prendono vita. Scoprilo ora