Part(35)

6.5K 384 0
                                    

#Uni

ဝေါ့.......ဝေါ့

"အဲ့ဟင်းပန်ကန်ကြီး ဖယ်လိုက်အနံ့မခံနိုင်ဘူး
သရက်သီးသုပ်စပ်စပ်လေး စားချင်တယ်။နာနတ်သီးစားချင်တယ်။ရှောက်သီးသုပ်ကို ပုစွန်ခြောက်များများလေးနဲ့စားချင်တယ်။ထမင်းသုပ်စားချင်တယ်။"

"ကို....တော်ပီလား ဘာစားချင်သေးလည်း"

"အဲ့ဒါတွေ အရင်စားချင်တယ်"

"ဟုတ်ပီ အဲ့ဒါဆိုသွားဝယ်ခိုင်းလိုက်တော့မယ်"

ဆက်ကိုကြည့်ပီး သက်ပြင်းလေးတိုးတိုးသာချမိတယ်။ဆက် ဘုန်းကိုဘယ်လောက်ချစ်လည်းဆိုတာ သက်သေပါပဲ။ဘုန်းခံစားရမဲ့ ဝေဒနာတွေအားလုံး ဆက်ခံစားနေရတယ်။
ဘုန်းကတော့ ဘာဝေဒနာမှမခံစားရဘူး။

"ကို.....ပင်ပန်းနေပီလား"

"မပင်ပန်းပါဘူး မောင်ရာ
ကိုယ်က ပျော်တောင်ပျော်သေးတယ် မဟုတ်ရင် မောင်ခံစားရမှာ အဲ့ဒါဆိုကိုယ်ခံစားရမှာ"

"ငါ့ကို အရမ်းချစ်တာပဲလား"

"ဘယ်လိုမေးလိုက်တာလည်း မောင်ရယ်
ချစ်တာပေါ့ ပြောမပြတက်အောင်ချစ်တာ"

"ငါ ဗိုက်ပူလာရင်ရောချစ်မှာလား"

"အင်း.....အဲ့ဒါကတော့....."

"ကို.......!"

"ဖြေးဖြေးအော်ပါ မောင်ရာ
ဗိုက်ပူလည်း ချစ်မှာပေါ့ ကိုယ့်ဘဝမှာချစ်စရာ ဒီကဗိုက်ပူနေတဲ့ကောင်လေးပဲရှိတာ"

"သတိထားနော်"

"ဟုတ်ကဲ့ပါဗျ"

"ဪ...အလုပ်မသွားတော့နဲ့နော် မနက်ဖန်ကစပီး ဒယ်ဒီလည်းလှမ်းပြောနေတယ် မလုပ်မသွားဖို့"

"ငါ ပျင်းမှာပေါ့"

"အိမ်ကနေလုပ်လို့ရတယ်လေ"

"အင်းပါ"

"ကိုယ်အလုပ်သွားတော့မယ်နော် အပေါ်ထပ်နဲ့အောက်ထပ်အတက်အဆင်းသတိထားနော် တစ်ခုခုဆို ဖုန်းချက်ချင်းဆက်"

"ဟုတ်ကဲ့"

.
.
.
.
နေ့ခင်းဘက် ပျင်းတာနဲ့ကို့ဆီသွားဖို့ဆုံးဖြတ်လိုက်တယ်။ကားကိုယ်တိုင်မောင်းရင် ဆူခံရမှာကြောင့် အိမ်ကဒါရိုက်ဘာကို လိုက်ပို့ခိုင်းရတယ်။အရင်ကချပ်ကပ်နေတဲ့ဗိုက်က အခုဆိုနည်းနည်းပူချင်နေပီ။Companyထဲဝင်လိုက်တာနဲ့ အလုပ်သမားတွေအားလုံး ခေါင်းငုံပီးနှုတ်ဆက်ကျတယ်။ဘုန်းကတော့ ကိုယ့်ပုံစံအတိုင်း ‌ရှေ့တည့်တည့်ကြည့်ပီး ခြေလှမ်းတွေကဆက်ရှိတဲ့ ရုံးခန်းကိုပဲဦးတည်လိုက်တယ်။ဝန်ထမ်းတချို့ရဲ့ စကားသံတွေကကြားလိုက်သေးတယ်။

One & Only [Completed]Where stories live. Discover now