Part(20)🌚

9.3K 473 7
                                    

#Uni

ထိုအချိန် ကျောင်းဝန်းထဲက Latest Lamborghini အစိမ်းရောင်ကားလေးတစ်စီးဝင်လာတယ်။ကန်တင်းမှာရှိတဲ့ အကုန်လုံးရဲ့အကြည့်တွေက ထို‌ကားအစိမ်းရောင်လေစီရောက်ကုန်တယ်။

ကားပေါ်က ဆင်းလာတာတစ်ခြားသူမဟုတ်
ကျတော်ချစ်ရတဲ့ကောင်လေ အတိအကျပြောရရင် ကျတော်ကိုစိတ်ကောက်နေတဲ့ကောင်လေး။

ကျတော်ကျောင်းရောက်တော့ ကန်တင်းဘက်အရင်ကြည့်လိုက်တယ် ။ထင်တဲ့အတိုင်းပါပဲ ဆက်တို့က ကန်တင်းမှာထိုင်နေတယ်။ကျတော်လည်း ဆက်တို့ရှိတဲ့ကန်တင်းဘက်ပဲ ခြေဦးလှည့်လိုက်တယ်။တွေ့ပါပီ ဆက်ကကျတော်ဆီလာနေတာ....

"ဘုန်း...."
ကျတော် လေသံကိုအနိမ့်ဆုံးနဲ့ခေါ်လိုက်တယ်။

"အင်း...ဘာလို့ထလာတာလည်း ငါလာနေတာပဲကို"

"အရမ်းလွမ်းနေလို့...."

".............."

"သိင်္ဂါ ငါတို့က မျှော်နေတာ...
နင် ငါတို့သုံးယောက်ကို စိတ်ဆိုးသွားတာလား..."

"ဟင် မဟုတ်ပါဘူးဟာ...ဘာလို့အဲ့လိုထင်နေတာလည်း..."

"ဘာလို့ ဖုန်းပိတ်ထားတာလည်းဘုန်း..."

"အဲ့ဒါက ဒီတိုင်းပါပဲ ငါနည်းနည်းစိတ်ရှုပ်လို့"

"ငါတောင်းပန်ပါတယ် "

"ဆက် ဘာလို့တောင်းပန်နေတာလည်း
ငါစိတ်မဆိုးပါဘူးဆို..."

"နောက်ခါ ဘယ်လောက်စိတ်ဆိုးဆိုး ဒေါသထွက်ထွက် ဖုန်းကိုစက်မပိတ်ပါနဲ့ မကျေနပ်ရင် ငါ့ကိုထိုးနော်"

"ဆက် ငါ့ကိုသေချာကြည့် ငါမင်းကိုစိတ်မဆိုးဘူး ဟုတ်ပီလား..."

"အင်း ကျေးဇူးပါဘုန်း.....ပီးတော့ ချစ်တယ်..."
ကျတော် ဘုန်းကိုလှမ်းဖက်လိုက်တယ်။ဘုန်းက ရုပ်တရပ်ရှောင်လိုက်တယ်။

"ဆက် ကျောင်းမှာလေ..."

"ထ hotelသွားမယ်"

"မင်း!...ယွန်းတို့ရှိတယ်လေ ဘယ်လိုဖြစ်နေတာလည်း..."
ထိုအချိန် ကျတော်ပုခုံးတစ်ဖက် ပူသွားတယ်လို့ ခံစားရတယ်။

အ့.....

"ဘုန်း .....ရရဲ့လား"

"မာယာဆူး မင်းလမ်းကို ဘယ်လိုလျောက်လာတာလည်း"

One & Only [Completed]Donde viven las historias. Descúbrelo ahora