#Uni
ဘုန်းကိုလမ်းထိပ်က ပန်းခြံကိုသာလာခိုင်းရတာ တကယ်လို့ရောက်လာရင် ဘာစပြောရမလည်းမသိဘူး။ရှိုင်းဝေအောင်က ဖွင့်ပြောတယ်ဆိုလို့တာ လူကဂနာမငြိမ်ဖြစ်သွားတာ ဘုန်းရောက်လာရင် ဘာပြောရမလည်း .....
ကျတော်တစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ဘုန်းကရောက်လာတယ်။"ကောင်းဆက် ငါ့ကိုပြောစရာရှိလို့ဆို"
"အင်း.....ဟုတ်တယ်
ဒါပေမဲ့ ငါဘယ်ကနေ စပြောရမှန်းမသိဘူး..""မင်းပြောချင်တဲ့နေရာကနေ စပြော.."
"အရင်ဆုံး မင်းငါ့ကိုစိတ်မဆိုးပါနဲ့လို့ အရင်တောင်းပန်ချင်တယ်.."
"ဘာပြောမှာမို့လို့လည်း မင်းက...
ဟုတ်ပီကွာ စိတ်မဆိုးဘူး....""ဘုန်း...ငါဒီစကားကို တကယ်အလေးအနက်ထားပီးပြောတာနော်..."
"အေးပါကွာ...."
"ငါ မင်းကိုချစ်တယ်..."
"ဟင်....."
တကယ်ကို အံ့ဩသွားရသူကကျတော်ပါ။
ကျတော်တိတ်တိတ်လေးချစ်နေရတဲ့သူက အခုကျတော်ကိုဖွင့်ပြောနေတာမလား..."ဘုန်း...မင်းစိတ်ဆိုးသွားတာလား.....
ငါ့ကို မင်းမုန်းသွားပီလား.....""မဟုတ်ပါဘူး ကောင်းဆက်ရာ....
မင်းသေချာစဉ်းစားအုံး....ငါက come outလုပ်ပီးသား ဘာမှမဖြစ်ဘူး ...မင်းကငါနဲ့မတူဘူးကောင်းဆက် မင်းရင်ဆိုင်ရမှာတွေကအများကြီး အရင်ဆုံးမင်းမိဘတွေနဲ့ရင်ဆိုင်ရမယ် ပီးတော့ မင်းပတ်ဝန်းကျင်နဲ့ရင်ဆိုင်ရလိမ့်မယ် နောက်ပီး ယွန်းနဲ့ရတုကရော မင်းကိုလက်ခံပေးပါ့မလား......""မင်းရှိနေရင်ရပီ....ငါအားလုံးရင်ဆိုင်နိုင်တယ်....."
"မဟုတ်ဘူးကောင်းဆက်...မင်းအရင်ဆုံး မင်းကိုယ်မင်းပြန်ပီးဆန်းစစ်လိုက်အုံး...ငါ့ကိုချစ်တာသေချာရဲ့လားလို....ငါဒီလိုပြောတာ မင်းကိုမယုံလို့မဟုတ်ဘူးနော်...ငါမင်းကိုယုံတယ်...."
"မင်း ငါ့ကိုငြင်းလိုက်တာတော့မဟုတ်ဘူးနော်..."
"အင်း....ငါမင်းကိုငြင်းလိုက်တာမဟုတ်ဘူး...အဲ့ဒါကြောင့် စိတ်မကောင်းမဖြစ်နဲ့..."
YOU ARE READING
One & Only [Completed]