#Uni
"ဇ...မင်းဘယ်လိုရောက်လာတာလည်း..."
"ဒီက အကိုက ဘေဘီကိုလွမ်းလို့ပေါ့..."
"ဟင်...ဘေဘီ"
"ဟာ....ယွန်း တစ်မျိုးမထင်နဲ့နော်...ဇက ငါ့အကိုဝမ်းကွဲ..."
"ဪ မသိဘူးလေဟာ...."
"ကောင်းဆက်ရော....."
"စောစောက ဒီနားမှာ ဘယ်ရောက်သွားတာလည်းမသိဘူး...."
"ငါ ဖုန်းခေါ်ကြည့်လိုက်အုံးမယ်...."
Ring.....📱
"ဖုန်းမကိုင်ဘူးဟ..."
Ti ..
"ငါ့ဆီ message ပို့တယ် ပြန်သွားပီတဲ့"
"ငါတို့ကို ဘာလို့မစောင့်တာလည်း.."
"ကဲကဲ တော်ကျတော့ နောက်မှစကားဆက်ပြောကျတော့ ...အခုတော့ပြန်ရအောင် ငါလေယာဉ်စီးလာတာ ပင်ပန်းနေပီ...
ညကျမှ ဆိုင်တစ်ဆိုင်မှာ ထပ်တွေ့ရအောင် ကျတော် ဧည့်ခံပါ့မယ် ပြန်သွားတဲ့ တစ်ယောက်ကိုပါ ပါအောင်ခေါ်ခဲ့ပေးပါအုံး""ဟုတ်....သိင်္ဂါ ပြန်မယ်လေ အဲ့ဒါဆို.."
"အေး ပြန်ရအောင်"
ကောင်းဆက်တစ်ယောက်ကလေ ပြန်သွားတာတောင် ဘာမှမပြောသွားဘူး
.
.
.
.
မင်းဘာဖြစ်နေတာလည်း ကောင်းဆက်ဟံသာ ဘုန်းကို ဘယ်သူဖက်ဖက် ငါနဲ့ဘာဆိုင်လို့လည်း နောက်ပီ ဘုန်းကိုဖက်တဲ့သူက ဘယ်သူလည်း နောက်ပီးတော့ ငါဘာဖြစ်နေတာလည်း....ဒီလိုရှုပ်ထွေးနေတဲ့ ခံစားချက်ကို ငါမကြိုက်ဘူးဘုန်း....
ညနေဘက် ယွန်းကဖုန်းဆက်လာတယ် ဆိုင်တစ်ဆိုင်မှာ ဆုံမယ်တဲ့ ။ ဟိုကောင်လေးက ကျတော်ကိုခေါ်ခဲ့ဖို့ပြောတယ်တဲ့။ကျတော်မသွားချင်ပါ ဒါပေမဲ့ ကျတော်ခံစားချက်တွေ ရှင်းလင်းအောင်လုပ်ဖို့လိုနေတဲ့အတွက် သူတို့ပြောတဲ့ဆိုင်ကို ထွက်လာလိုက်တယ်။"ရောက်နေတာ ကြာပီလား သိင်္ဂါ"
"မကြာသေးဘူး ရတု..
ကောင်းဆက် ယွန်း လာထိုင်လေ...""အင်း"
"ကောင်းဆက် နေ့လယ်ကပြန်သွားတာ ဘာလို့မပြောတာလည်း..ငါမှာ စိတ်ပူလိုက်ရတာ"
စိတ်ပူတယ်ဆိုတဲ့ စကားကို တိုးတိုးလေးသာပြောလိုက်တယ်။
YOU ARE READING
One & Only [Completed]