#Uni
ကျတော် ရန်ကုန်ပြန်ရောက်တာ တစ်ပတ်ရှိပီ။ကောင်းဆက်ကို အခုတလောအချိန်သိပ်မပေးဖြစ်ဘူး ကျောင်းဖွင့်ဖို့ကလည်းမလို့တော့တာမလို့ အလုပ်တွေလက်စတက်နေရတယ်။
အချိန်လုံးဝမပေးဖြစ်တာတော့မဟုတ်ပါဘူး ညတိုင်းတော့ဖုန်းပြောဖြစ်ပါတယ်။ဒီနေ့ဒယ်ဒီနဲ့အတူတူ crown hotel ကိုသွားရမယ် နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့ရမှာမလို့။"သား အဆင်သင့်ဖြစ်ရင်သွားမယ်လေ...."
"ဟုတ် ဒယ်ဒီ
ဒယ်ဒီကားကို ဦးနောင်မောင်းမှာမလား
သားက ဝဏ္ဏမောင်းခိုင်းမှာ...."
ကျတော်တို့သားအဖနှစ်ယောက်က အပြင်သွားတိုင်း ကားအတူတူစီးလေးစီးထမရှိဘူး
ဒါကလည်း အကြောင်းရှိလို့ပါ။ဝဏ္ဏကတော့ ကျတော့်ရဲ့ PAပေါ့။ဝဏ္ဏက ကားဂိုဒေါင်ထဲက BMWကားထုတ်လာတယ်။ကျတော်လည်း ကားပေါ်တက်ထိုင်လိုက်တယ်။
Hotel ရောက်တော့ ဒယ်ဒီကမဝင်နှင့်ပဲစောင့်နေတယ်။ကျတော်လည်း ဒယ်ဒီနဲ့အတူတူ အခန်းထဲဝင်ခဲ့လိုက်တယ်။အခန်းထဲမဝင်ခင် မာယာဆူးကိုတွေ့လိုက်တယ်။သူကကျတော်ကိုကြည့်နေပေမဲ့ ကျတော်ကတော့မသိချင်ယောင်ပဲဆောင်လိုက်တယ် ဘေးနားကလည်း ရည်းစားအသစ်ထင်ပါတယ်။ရှိုင်းဝေအောင်နဲ့မာယာဆူးက စာမေးပွဲနောက်ဆုံးရက်က ပြတ်သွားတယ်လို့ သတင်းလည်းကြားတယ်။"မာယာ အသိလား
ဘာလို ဓာတ်ပုံရိုက်လိုက်တာလည်း""ဟုတ်တယ် ကို ကျောင်းကသူငယ်ချင်း"
"မာယာအသိဘေးက တစ်ယောက်ကဦးမင်းနေရောင်မလား"
"ဦးမင်းနေရောင် ဘယ်သူလည်း"
ကိုယ်တို့နိုင်ငံက Top 1သူဌေးကြီးလေ
Crown group ပိုင်ရှင်။ကိုယ်တို့နိုင်ငံမှာ Crown groupရဲ့ပိုင်ဆိုင်မှုတွေက လက်ညိုးထိုးမလွှဲဘူး ဆောက်လုပ်ရေးလုပ်ငန်း ဘဏ်လုပ်ငန်း Hotel လုပ်ငန်း ခရီးသွားလုပ်ငန်းနဲ့ car showrooms တွေအများကြီးက အဲ့groupကပိုင်တာလေ""ဦးမင်းနေရောင်မှာ မိသားစုမရှိဘူးလား"
"ဦးမင်းနေရောင် မိန်းမဆုံးသွားတာကြာပီ သားတစ်ယောက်တော့ရှိတယ်"
"သားဆိုတာက"
"ဘယ်သူမှ မသိဘူး "
"ဟင် ဘာလို့လည်း"
YOU ARE READING
One & Only [Completed]