Part(24)🌚

7.3K 445 8
                                    

#Uni

"ဟေ့ ဟိုဝက်ပေါက် ဒီလာအုံး"

"ခင်ဗျား ကျတော်ကိုခေါ်တာလား..."

"ဘာ ခင်ဗျားဟုတ်လား မင်းကဘယ်သူလည်း ဘာလို့အဲ့အခန်းထဲကထွက်လာတာလည်း"

"အဲ့အခန်းထဲမှာနေလို့ အဲ့အခန်းထဲကထွက်လာတာပေါ့"

"ဘာ အဲ့အခန်းမှာနေတယ် မင်းကဘယ်သူလည်း "

"ကျတော်နာမည် မော်ကွန်းသစ်"

"မင်းကို ငါမသိဘူး"

"ကျတော်လည်း ခင်ဗျားကိုမသိပါဘူး"

"ကျစ်...ဒီဝက်ကတော့"

"ခင်ဗျား..ကျတော်ကိုဘယ်လို...."

"မော်ကွန်း ဘာဖြစ်နေတာလည်း..."
ကိုကြီးကောင်းဆက်အသံကြားလို့ မော်ကွန်းပြောမဲ့စကားတွေ လည်ချောင်းဝမှာပဲ တစ်သွားတယ်။ရှေ့မှာရပ်နေတဲ့သူက အရပ်ရှည်တစ်လောက်အတော်လည်းရှည်တယ် လူကိုလာပီးစစ်လား‌မေးလားနဲ့ ဝက်ပေါက်လို့ကခေါ်သေးတယ်။ရုပ်ချောတစ်လောက် အကျင့်မကောင်းလောက်ဘူး။

"ဪ ဇနဲ့စကားပြောနေတာလား"

"ကောင်းဆက် မင်းအဲ့ဝက်ကိုသိတာလား.."

"ခွီး ဝက်မဟုတ်ပါဘူးဇရာ ဒါငါ့ညီမော်ကွန်းသစ်တဲ့ မော်ကွန်း ဇကဘုန်းရဲ့အကိုဝမ်းကွဲ
မင်းနဲ့ငါ့လိုပဲ ညီအကိုတော်တယ်"

"ဟုတ် ကိုကြီး..."

အမယ်ဝက်က သူ့အကိုရှေ့ကျတော့ဟုတ်တဲ့ စောစောတုန်းက တစ်ခွန်မကျန်ပြန်ပြောနေတဲ့ ဝက်ကဘယ်ရောက်သွားတာလည်းမသိဘူး။သေချာကြည့်လိုက်တော့ ဝက်ကချစ်စရာလေး ပါးလေးတွေကဖောင်းနေတာပဲ ဆွဲညစ်ချင်စရာလေး ။အရပ်ကလည်း ငါ့ပုခုံးလောက်ပဲရှိတယ်။အသားကတော့ အတော်ဖြူတယ် ပိုးတုံးလုံးလေးအတိုင်းဟဲ ။အဟက် ငါယောကျာ်တစ်ယောက်ကို ဝေဖန်နေတာလား မဖြစ်ဘူး ငါက စထရိတ် ။မျက်စောင်းထိုးတာလေးက ချစ်စရာကောင်းလိုက်တာ။

"ဟို...ဇ ဘုန်းအခန်းထဲမှာရှိလား..."

"အင်း ရှိတယ်ဝင်သွားလိုက်လေ...."

"အင်း "

"နေပါအုံး ဟိုဝက်ကဘာလို့လိုက်သွားမှာလည်း "

One & Only [Completed]Where stories live. Discover now